၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်တက်ရောက်

၂၀၂၂ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာအသင်းအားအောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နေ့လည်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများနှင့် တစ်ဦးချင်းမိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစား အောင်နိုင်ရေးအတွက်အကောင်းဆုံးအားကစားသမားများရွေးချယ်ပြီး လေ့ကျင့်သားပြည့်ဝစေရန်နှင့်ပြိုင်ပွဲစည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်၍ နည်းစနစ်မှန်မှန်ဖြင့် စခန်းသွင်းလေ့ကျင့်ခဲ့ပါကြောင်း၊ တစ်ဦးချင်းကျွမ်းကျင်မှု၊ အသင်းလိုက်စည်းလုံးမှုဖြင့် အောင်မြင်မှုရရှိစေရေးကြိုးစားကြမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စားဘိလိယက်နှင့်စနူကာအသင်းအနေဖြင့် အောင်မြင်မှုများရရှိရေးကြိုးစားကြရန်လိုပါကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာကြံ့ခိုင်စေရေး ဂရုစိုက်နေထိုင်ကြရန်၊ လေ့ကျင့်မှုမပြက်ဆောင်ရွက်ကြရန်နှင့် တိုင်းဒေသကြီးအတွက် အောင်မြင်မှုများရရှိစေရေး အစွမ်းကုန်ကြိုးစာကြရန်”ပြော ကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ဘိလိယက်နှင့်စနူကာ အသင်းမှတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။ တိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဘိလိယက်နှင့်စနူကာအားကစားပြိုင်ပွဲသို့ နည်းပြ၊ အုပ်ချုပ်၊ အားကစားသမားများ စုစုပေါင်း ၁၅ ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်းသိရှိရသည်။
.jpg)
.jpg)
.jpg)