တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီအဖွဲ့ဝင်များ၊ ကော်မတီ၊ ဆပ်ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုက်ရာဌာနဆိုင်ရာများနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများက video confrencing စနစ်ဖြင့်တက်ရာက်ကြပါသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာကော်မတီများအလိုက် အစည်းအဝေးညွှန်ကြားချက်များအပေါ် ဆောင်ရွက်နေမှုအခြေအနေများနှင့် သြဂုတ်လမှစ၍ ယာဉ်မတော်ဆမှုဖြစ်စဉ်များအပေါ် သုံးသပ်တင်ပြပေးစေလိုကြောင်း၊ ယာဉ်မတော်တဆမှုများလျော့နည်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မောင်းနှင်အသုံးပြုစေရေး၊ ထိခိုက်မှုများမှ အကာအကွယ်ပေးနိုင်သည့်အရည်အသွေးပြည့်မီသော ဆိုင်ကယ်စီးဦးထုတ်များ ဝတ်ဆင်မောင်းနှင်စေရေးတို့အတွက် ခရိုင်၊မြို့နယ်၊ မြို့၊ ရပ်ကွက်ကျေးရွာများမထိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပးဆိုင်းဘုတ်များစိုက်ထူခြင်းများ ဆောင်ရွက်ခြင်းနှင့် စစ်ဆေးအရေးယူခြင်းများပါ ထိထိရောက်ရောက်ဆောင်ရွက်ရန်လိုပါကြောင်း၊ ပြည်သူများ၊ ဝန်ထမ်းများအားလုံးလိုက်ပါဆောက်ရွက်စေရေး ဌာနဆိုင်ရာများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ လမ်းဆုံလမ်းခွများ၊ ယာဉ်မတော်တဆမှုဖြစ်ပွားလေ့ရှိသည့်နေရာများ၊ လူစည်ကားရာနေများတွင် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ထော်လာဂျီများ ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်အညီစနစ်တကျသွားလာမောင်းနှင်ဆောင်ရွက်စေရေးစစ်ဆေး ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်း၊ လိုင်စင်မဲ့ယာဉ်များ၊ စည်းကမ်းပျက်ယာဉ်များ အသုံးပြုမှုမရှိစေရေးစစ်ဆေးကြပ်မက်ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊  ယာဉ်မတော်တဆမှုများလျော့နည်းပပျောက်စေရေး ဆောင်ရွက်ရမည့်နည်းလမ်းများဆွေးနွေးကြပြီး တိတိကျကျလိုက်နာဆောက်ရွက်ရန်နှင့်  သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်မှာကြားပါသည်။ 

ဆက်လက်၍ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီးယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဦးစီးမှူးမှလည်းကောင်း၊ တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ တွဲဘက်အတွင်းရေးမှူး၊ ဒုတပ်ဖွဲ့ခွဲမှူးမှလည်းကောင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများတင်ပြဆွေးနွေးကြပြီး ကော်မတီအဖွဲ့ဝင်များနှင့် ခရိုင် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌများမှ အထွေထွေတင်ပြဆွေးနွေးကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်ကိုဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူအရေအတွက်ကို ၅၀% လျှော့ချနိုင်ရေးရည်မှန်းချက်ထားဆောင်ရွက်ရန်ပြောကြားခဲ့ပြီးလိုအပ်သည်များညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

19-Sep-2022