ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တာဝန်ရှိသူများလိုက်ပါလျှက် ယနေ့နံနံနက်ပိုင်းက ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာသို့ သွားရောက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် Box Culvert (၂)စင်းတည်ဆောက်ခြင်းနှင့် လမ်းဘေးရေမြောင်းတူးဖော်ခြင်း၊ ကျေးရွာဘက်စုံသုံးခန်းမ ဆောက်လုပ်ရန်အတွက် ကြိုတင်ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ထားသောကာလအတွင်း အချိန်မီပြီးစီးစေရေးမှာကြားသည်။ ယင်းနောက် အနောက်စုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ရေသန့်စက်တပ်ဆင်ထားရှိမှုနှင့်ကျောင်း စာကြည့်တိုက်ဖွင့်လှစ်ထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးတို့အားမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သမဝါယမချေးငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ပြည့်စုံသုခသမဝါယမအသင်းဝင်တစ်ဦး၏ ဝက်မွေးမြူရေးခြံသို့သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်အတွင်းရောင်းချနိုင်မှုအခြေအနေများအား မေးမြန်းခဲ့သည်။ထို့နောက် တောင်သူ ဦးနေစိုး၏ (၁၀)ဧကရှိ ပေါ်ဆန်းရင်မျိုးသန့်စပါး စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပိုးမွှားများမကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး၊မျိုးသန့်စပါးထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေးအလေးထားဆောင်ရွက်ရန်မှာကြားသည်။ယင်းနောက် ကျုံကြီးအုပ်စု၊ ညောင်ချောင်းကျေးရွာရှိ ဦးခင်အောင်၏ ဘဲမွေးမြူရေးခြံသို့ သွာရောက်၍ ဘဲမွေးမြူနေမှုအခြေအနေများ၊ဘဲဥဖြန့်ဖြူးနေမှုအခြေအနေများအားကြည့်ရှု့စစ်ဆေးပြီး ဘဲဥများဈေးကွက် ပိုမိုတင်ပို့ ရောင်းချနိုင်ရေးနှင့် အကောင်ရေးတိုးချဲ့မွေးမြူနိုင်ရေးတို့အားမှာကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် တံတားဦးစီးဌာန တံတားအဖွဲ့(၁၅)မှ ပုသိမ်-ကံကုန်း-မြင်းကဆိပ်-မြောင်းမြလမ်းပေါ်ရှိ ပမ္မဝတီတံတား(မြင်းကဆိပ်) အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်းဆောင်၌ စီမံကိန်းလုပ်ငန်းများ ပြီးစီးမှုအခြေအနေများနှင့် ချဉ်းကပ်လမ်း ကတ္တရာကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ အားတာဝန်ရှိသူများက ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးနှင့်စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။