(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေး

(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ သြဂုတ်လ ၂၄ ရက်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊(၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊လုပ်ငန်း‌ကော်မတီဝင်များနှင့် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊တီးပြိုင်ပွဲကျင်းပ‌ရေး နာယက၊တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက်၊အဆို၊အက၊အရေး၊အတီး ပထမ၊ဒုတိယ၊တတိအကြိမ် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကိုကော်မတီဝင်များအားလုံးက ဆွေးနွေးရန်လိုပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်များတွင် အဆင့်တိုင်း  ပြိုင်ပွဲအမျိုးအစားတိုင်း အဆင့်ရှိရှိပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြစေလိုကြောင်းနှင့် အောင်မြင်မှုများရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်လျှင်နိုင်ရမည်ဟူသော ရည်မှန်းချက်ထား ယှဉ်ပြိုင်ကြရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လေ့ကျင့်သားပြည့်ဝအောင်စနစ်တကျ အချိန်ယူလေ့ကျင့်၍ ရွက်ပုန်းသီး အနုပညာသမားများ ပေါ်ထွက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ခရိုင်အဆင့်ပြိုင်ပွဲများကျင်းပပြီးစီးပြီဖြစ်သဖြင့် တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ရေး ကြိုတင်ဆောင်ရွက်ရန်ထားရန်လိုပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုရရှိရေး ကော်မတီဝင်များ၊ အနုပညာရှင်များအားလုံးတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ”ပြောကြားသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားလည်းကောင်း၊လုပ်ငန်းကော်မတီများမှ ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများအားလည်းကောင်း၊ ခရိုင်စီမံ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးများက (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအားရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များဖြည့်စွက် မှာကြားခဲ့ကြောင်းသိရသည်။

24-Aug-2022