တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ငပုတောမြို့နယ်သို့ သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများဘး ထောက်ပံ့ပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျှက် သြဂုတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ငပုတောမြို့နယ်၊ ငရုပ်ကောင်းမြို့၊ လမ်းဦးစီးဌာနရိပ်သာ၌ ကွင်းဘတ်ကျွေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းများကို ဘေးသင့်အိမ်ထောင်စုများကိုယ်စား ငရုပ်ကောင်းမြို့အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့ပါသည်။
ထို့နောက် ဟိုင်းကြီးကျွန်းမြို့၊ဇီးချိုင်ကျေးရွာသို့သွားရောက်၍ ယခုလ ၂၁ ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ဇီး ချိုင်ကျေးရွာ တံတားချဉ်းကပ်လမ်း ပျက်စီးပြိုကျခဲ့မှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနများမှ ပြန်လည်ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဒေသခံပြည်သူများ အဆင်ပြေစွာသွားလာနိုင်စေရေး အမြန်ဆုံးပြင်ဆင်၍ ယာယီသွားလာနိုင်ရေးဆောက်ရွက်ရန်၊ တံတားသစ်ဆောက်လုပ်နိုင်မည့် မြေနေရာရှာဖွေရန်မှာကြားခဲ့သည်။
ဆက်လက်၍ ဇီးချိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကြည်ညို၍ လှူဖွယ်ပစ္စည်း နှင့်ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ကာတံတားတည်ဆောက်နိုင်မည့် အခြေအနေများလျှောက်ထားတင်ပြခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုဝင်များအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းများကို ပြည်သူများထံထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ဇီးချိုင်အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်ခဲ့ကာ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ပါသည်။
ထို့နောက် ဟိုင်းကြီးအခြေခံပညာအထက်တန်းကျောင်း၌ မိုးသည်းထန်စွာရွာသွန်း၍ တောင်ကျချောင်းရေစီးဆင်းမှုကြောင့် နေအိမ်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားတက်ရောက်၍ ထောက်ပံ့ငွေများ၊ စားသောက်ဖွယ်ရာများ၊ ကယ်ဆယ်ရေးပစ္စည်းတို့ကို ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟိုင်းကြီး အခြေခံပညာအထက်တန်းကျောင်း၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး ကျောင်းတက်ရောက်မှုများ၊ ပညာသင်ကြားမှုများမေးမြန်းခဲ့ကာ ရာနှုန်းပြည့်ကျောင်းတက်ရောက်နိုင်စေရေး၊ ကျောင်းနေမြဲစေရေး၊ အမှန်တကယ်စာတတ်မြောက်စေရေး လေ့ကျင့်သင်ကြားပေးရန်မှာကြားခဲ့ပြီး ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ပါသည်။
ငပုတောမြို့နယ်တွင် ငရုပ်ကောင်းမြို့နှင့် ဟိုင်းကြီးကျွန်းမြို့များရှိ ကျေးရွာ အုပ်စု (၅)စု၊ ကျေးရွာ (၈)ရွာ၊ဘေးသင့်အိမ်ထောင်စု ၇၀ တိို့အတွက် ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ထောက်ပံငွေများထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖောင်ဒိုး- ပုသိမ်- မော်တင်ကားလမ်း ၂ မိုင်/ ၃မိုင် ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ပြို၍ ကားလမ်း ပိတ်ဆို့နေမှုအား စက်ယန္တရားများဖြင့်ဖယ်ရှားရှင်းလင်းနေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး အမြန်ဆုံးလမ်းကြောင်းဖွင့်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)