ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည် သြဂုတ်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုများနှင့်တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေးအားကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်တက္ကသိုလ်ဓမ္မာရုံအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ ရေစီးရေလားကောင်းမွန်စေရေး နှင့်အဆောက်အဦနှင့်မလွတ်ကင်းသည့် သစ်ပင်အကိုင်းအခက်များအား ခုတ်ထွင်ရှင်းလင်းနေမှုများကို ကြည့်ရှုအားပေးပါသည်။ ထို့နောက် စက်တော်ရာဘိုးဘွားရိပ်သာဝင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုနှင့်  ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ‌တူးဖော်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကိုးသိန်းမိုးလေလုံ အားကစားခန်းမတွင် တိုက်ကွမ်ဒိုနှင့် ဘတ်စကက်ဘောအားကစားသမားများ လေ့ကျင့်နေမှုအားကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံကာ နည်းစနစ်မှန်မှန်လေ့ကျင့်စေရေးပြောကြားခဲ့သည်။ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အမှတ်(၂)ပုသိမ်တံတားအဆင်း ပုသိမ်မြို့တွင်းလမ်း (၁၁၃/၀မှ၁၁၃/၁)မိုင်အတွင်း လမ်းချဲ့၍ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ အမှတ်(၇)၊ရာမညရပ်ကွက်၌ ရေစီးရေလာကောင်းမွန်စေရေးတွက် ပုသိမ်မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်‌ ငွေလုံးငွေရင်းဖြင့် Box Culvert  (၁၂)ခုတည်ဆောက်ခြင်းလုပ်ငန်းနှင့် မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃  ဘဏ္ဍာရေးနှစ်၊  ပုသိမ်မြို့ရှောင်လမ်း ၄ မိုင်၇ဖာလုံ  အား လမ်းချဲ့ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေးများနှင့် လမ်းများရေရှည် တည်တံ့အောင် စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအားစဉ်ဆက်မပြတ်ဆောင်ရွက်ရေးတို့အားမှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေးအဖွဲ့များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ၍ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြရန်၊ စည်းကမ်းမဲ့အမှိုက်များ စွန့်ပစ်မှုများမရှိစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့များသာမက ရပ်ကွက်နေပြည်သူများကလည်း ပါဝင်ပူးပေါင်းဆောင်ရွက်လာစေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ်  သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

20-Aug-2022