ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကျေးရွာနှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နေ့လည်ပိုင်းတွင် ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work ကျေးရွာတို့အတွက် စီမံကိန်းရန်ပုံငွေပေးအပ်ပွဲအခမ်းအနားတက်ရောက်၍ အမှာစကားပြောကြားခဲ့ရာ တိုင်းဒေသကြီး၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဘဏ္ဍာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလင့်နှစ်စဉ်ချထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများပိုမိုဖြစ်ထွန်းအောင်မြင်နိုင်မည့်အလားအလာကောင်းများရှိနေပါကြောင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ လမ်းပန်းဆက်သွယ်မှုကောင်းမွန်စေရေး၊ လျှပ်စစ်မီးရရှိစေရေး၊ ရေပေးဝေရေး၊ ကုန်ထုတ်လမ်းဖောက်လုပ်သွားလာအသုံးပြုနိုင်စေရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဒေသခံပြည်သူများကိုယ်တိုင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့်ကော်မတီများအနေဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်စေရေးစိတ်ရင်းစေတနာကောင်းများဖြင့်ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာလုပ်ငန်းများအလိုက် စာရင်းဇယားများစနစ်တကျထားရှိဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာဌာနများမှ စီမံကိန်းများအောင်မြင်စေရေး စစ်ဆေးကြပ်မက်ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပုသိမ်ခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၉၀ အတွက် ကျပ်သန်း ၉၂၀၊ ကျုံပျော်ခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၅၃ ရွာအတွက် ကျပ်သန်း ၅၆၀၊ ဟင်္သာတခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၆၀ အတွက် ကျပ်သန်း ၆၄၀၊ မြန်အောင်ခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၇၃ ရွာ အတွက် ကျပ်သန်း ၇၅၀ တို့ကိုသက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှ မြောင်းမြခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၅၁ ရွာအတွက် ကျပ်သန်း ၅၁၀၊ မအူပင်ခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ ၇၄ ရွာ အတွက် ကျပ်သန်း ၇၄၀ကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ဖျာပုံခရိုင်မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၆၉ ရွာအတွက် ကျပ်သန်း ၇၅၀နှင့် လပွတ္တာခရိုင် မြစိမ်းရောင်၊ VDP၊ Cash For Work စီမံကိန်းလုပ်ငန်း များဆောင်ရွက်မည့် ကျေးရွာ ၃၅ရွာ အတွက် ကျပ်သန်း ၃၅၀ ကို သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြပါသည်။ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှ ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ကျေးရွာဖွံ့ ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)နှင့် Cash for work စီမံကိန်းကျေးရွာများအတွက် ကျေးရွာစုစုပေါင်း ၅၀၅ရွာကို စီမံကိန်းရန်ပုံငွေ စုစုပေါင်းကျပ်သန်း ၅၂၂၀ အား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)