ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခြောက်လတာလုပ်ငန်းဆောင်ရွက်မှုအပေါ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဒုတိယနေ့ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုများအပေါ် ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့အား ယနေ့နံနက်ပိုင်းက ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊တိုင်းအဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးတည်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအား မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်ကိန်းဂဏန်းစာရင်းဇယားအချက်အလက်များ မှန်ကန်တိကျမှုရှိစေရေး အလေးထားဆောင်ရွက်ရန်နှင့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှသာ တွက်ချက်သည့်အချက်အလက်များသည်လည်း မှန်နိုင်မည်ဖြစ်ပါကြောင်း၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေနိုင်ရန်အတွက် စက်ရုံ၊အလုပ်ရုံများ ပြန်လည်လည်ပတ်နိုင်ရေး၊ စက်မှုဇုန်များထူထောင်ဆောင်ရွက်နိုင်ရေး အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး စီးပွားရေးတိုးတက်စေရန်နှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် လျှပ်စစ်ထုတ်လုပ်နိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆွေးနွေးစေလိုပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များမှပြည်ပဝင်ငွေရရှိစေရေးကြိုးစားဆောင်ရွက်ရမှာ ဖြစ်ပါကြောင်းနှင့် Contract Farming စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး”ပြောကြားသည်။
ဆက်လက်၍ စီးပွားရေးရာဝန်ကြီးဌာနအောက်ရှိ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ အဆင့်မြင့်စက္ကူ(သာပေါင်း)၊ သတင်းစာစက္ကူ(သာပေါင်း)၊ မှန်စက်ရုံ(ပုသိမ်)၊ အမှတ်(၃၂)အကြီးစားစက်ရုံ(ကြံခင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနနှင့် သယံဇာတရေးရာဝန်ကြီးဌာနအောက်ရှိ ဌာနများမှ ၂၀၂၂-ခုနှစ်ဖေဖော်ဝါရီလမှ ဇူလိုင်လအထိ (၆)လတာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြရန်၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကိုလည်း အလေးထားဆောင် ရွက်ကြရန်နှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ပြီး အစည်းအဝေးဒုတိယနေ့ကိုရုပ်သိမ်းခဲ့ပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)