တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း တည်ဆောက်ရေးလုပ်ငန်းခွင်များအားကြည့်ရှုစစ်ဆေးပြီး စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ သြဂုတ်လ ၁၄ ရက်နေ့ နံနက်ပိုင်းက ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်လျှက်ရှိသည့် ၄ခန်းတွဲ ၄ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ဥမ္မာဒန္တီအိမ်ရာဝင်းရှိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ၄ခန်းတွဲ ၄ထပ် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်နေမှုအခြေအနေကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေးအတွက်အလေးထားဆောင်ရွက်ရေး၊ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေး၊လုပ်ငန်းဆောင်ရွက်မှုများစနစ်တကျရှိစေရေး၊ သတ်မှတ်ထားသော အရည်အသွေးများပြည့်မီစေရေးတို့အား မှာကြားပြီး တိုက်ခန်းများအတွင်း ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊အိမ်သာနှင့်မီးဖိုချောင်လုပ်ငန်းများ ဆောက်ရွက်နေမှုအခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဥမ္မာဒန္တီအိမ်ရာဝင်းရှိ ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းအိမ်ရာများသို့သွားရောက်၍ တိုက်ခန်းများအတွင်းအပြင် ဆေးသုတ်ပြီးမှုနှင့် အခန်းများဖွဲ့စည်းထားရှိမှုများအား စစ်ဆေးပြီး အဆောက်အဦများရေရှည်တည်တံ့စေရေးအတွက် စနစ်တကျကိုင်တွယ်ထိန်းသိမ်းအသုံးပြုကြရန်၊ တိုက်ခန်းများသန့်ရှင်းသာယာစေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်မှာကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့တွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုအားကမ်းနားလမ်းတစ်လျှောက်နှင့် ပုသိမ်တံတားအ မှတ်(၂)ပေါ်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမှတ် ၁၅၊ မြက်တိုရပ်ကွက်၊ စုပေါင်းရုံးရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ e-ID စနစ်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်း ဖြည့်သွင်းခြင်း လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးကာ အချက်အလက်များ မှန်ကန်စွာဖြည့်သွင်းရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ လျှပ်စစ်မီးကြိုးများစနစ်တကျသွယ်တန်းစေရေးမှာကြားသည်။
ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄မိုင်၇ဖာလုံ လမ်းချဲ့ခြင်းလုပ်ငန်းအားကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်သည် ကမ်းနားလမ်းရှိ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ရုံး၌ ခရိုင်အုပ်ချုပ်ရေးမှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊စည်ပင်သာယာရေးအဖွဲ့ များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မြို့တွင်းရေစီးရေလာကောင်းမွန်စေရေး Box Culvert များဆောင်ရွက်ထားရှိမှု၊ရေမြောင်းများတူးဖော်မှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြသည်။ထို့နောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်အတွင်း ရေစီးရေလာကောင်းမွန်စေရေး၊သန့်ရှင်းသာယာလှပရေး အခြေအနေများအား တင်ပြဆွေးနွေးခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအား Green City ၊ Clean City ဖြစ်စေရေးနှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးလျှက်ရှိရာ ပြည်သူများအားလုံး ပူးပေါင်းပါဝင်စေရေး စည်ရုံးဆောင်ရွက်ပေးကြရန်၊ ရပ်ကွက်နေပြည်သူများ၏ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာဌာနများနှးင့်ပေါင်းစပ်ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)