စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုနှင့် တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာများတွင် အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများသည်အတူ သြဂုတ်လ ၁၃ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအားကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ ၁၇၀၀ပေ×၈ပေ× ၆ လက်မ ထုရှိသော ကွန်ကရစ်လူသွားလမ်းဖော်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး လမ်းအရည်အသွေးကောင်းမွန်ရေးနှင့် အောက်ခံကျောက်ခွဲကြမ်းများ စတင်ခင်းကျင်းစဉ်ကပင် အမာခံရရှိစေရန်အတွက် စက်များဖြင့်စနစ်တကျဖိကြိတ်စေရေး၊ သတ်မှတ်ကာလအတွင်းပြီးစီးစေရေးမှာကြားခဲ့ပြီး တက္ကသိုလ်ဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင် ရွက်နေမှုများ၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အား မှာကြားပြီး ဝငန်ကျွန်းသာ၊ ထုံးဘိုရပ်ကွက်၊အကောက်ဆိပ်ရပ်ကွက်များသို့ ဆက်လက်သွားရောက်ပြီး ဌာနဆိုင်ရာများ၊တပ်ရင်းတပ်ဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ၏ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် တူးဖော်နေမှုများ၊ ရေမြောင်းများအတွင်း ပလတ်စတစ်များ၊ အမှိုက်များပိတ်ဆို့မှုမရှိစေရေးတို့အတွက် ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ကမ်းနားလမ်းတစ်လျှောက် သန့်ရှင်းသာယာလှပစေရန်ပြင်ဆင်ဆောင်ရွက်ထားမှုနှင့် ပုသိမ်မြစ်ရေလမ်းကြောင်းတိုးတက်ရေးဆိုင်ရာလုပ်ငန်းများအား သင်္ဘောဖြင့် မြစ်ကြောင်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးမြန် မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးတို့က ဘဏ္ဍာနှစ်အလိုက် ကမ်းနားလမ်း တိုးချဲ့ဆိပ်ခံတံတား(Jetty)တည်ဆောက်ခြင်းနှင့် ပုသိမ်မြစ် ရေလမ်းကြောင်းတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ဆောင်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆိပ်ခံတံတားတည်ဆောက်ရာတွင် သတ်မှတ်ထားသော ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးရေးအပြင် စံချိန်စံညွှန်းနှင့် အရည်အသွေးကောင်းမွန်ရေးတို့အား အလေးထားဆောင်ရွက်ရေး၊ ရေလမ်းကြောင်းအကွေ့အကောက်များအား ပြေပြစ်အောင်ဆောင်ရွက်ရေးနှင့် ရေတိမ်နေရာများအား လိုအပ်သောရေအနက်ရရှိရန်ဆောင်ရွက်ရေးနှင့် ခေတ်မီတွန်းဆွဲ ရေယာဉ်များအား ရေလမ်းကြောင်းအကွေ့နေရာများ၌ အရံအသင့်ထားရှိဆောင်ရွက်ရေးတို့အား သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများအား လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပုသိမ်မြို့နယ်လမ်းဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄မိုင်၇ဖာလုံ အား လမ်းချဲ့ခြင်းလုပ်ငန်း၊ ပုသိမ်ပြည်သူ့ဆေးရုံ ကိုးထပ်တိုးချဲ့ဆောင်တည်ဆောက်ရေးလုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများ ၊အမှတ်(၂)ပုသိမ်တံတားအဆင်း ပုသိမ်မြို့တွင်းလမ်း (၁၁၃/၀မှ၁၁၃/၁)မိုင်အတွင်း လမ်းချဲ့၍ကတ္တရာကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ကိုးသိန်းအားကစားကွင်း အရှေ့ဘက်ပွဲကြည့်စင် (၁၂၀ပေ×၂၀ပေ)(၂)ထပ် (၂)စင် တည်ဆောက်ရေးလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်များအပေါ် ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ်ထားသောကာလများအတွင်း အချိန်မီပြီးစီးစေရေးအတွက် အလေးထားဆောင်ရွက်ရန်နှင့် အရည်အသွေးများကောင်းမွန်ရေး၊သတ်မှတ်ထားသော စံချိန်စံညွှန်းများပြည့်မီရေး၊ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများစနစ်တကျရှိစေရေးများနှင့် အဆောက်အဦနှင့် လမ်းများရေရှည်တည်တံ့အောင်စနစ်တကျပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်းသိရသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)