ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ လည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ဇူလိုင်လ ၇ ရက်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်ရှိ အမှတ် (၅) ဓာတ်မြေဩဇာစက်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ရှေးဦးစွာ ခေတ္တစက်ရုံမှူးက ဝန်ထမ်းခန့်ထားမှု အခြေအနေများ၊ ထုတ်လုပ်နိုင်မှုစွမ်းရည်နှင့် ကုန်ကြမ်းလိုအပ်ချက်အခြေအနေများ၊ အမိုးနီးယားနှင့် ယူရီးယားထုတ်လုပ်ပုံအဆင့်ဆင့်၊ ဘဏ္ဍာနှစ်အလိုက် ယူရီးယားဓာတ်မြေဩဇာ ထုတ်လုပ်မှုအခြေအနေများနှင့် ဖြန်ဖြူးမှု အခြေအနေများ၊ စက်လည်ပတ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုနှင့် စက်ပြုပြင်မှုမှတ်တမ်းများအား Power Point ဖြင့်ရှင်းလင်းတင်ပြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မိမိတို့အစိုးရအဖွဲ့အနေဖြင့် ယခင်စက်ရုံပြန်လည်လည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေသည့်ကာလများကပင် စက်ရုံဝန်ထမ်းများနှင့်လာရောက် တွေ့ဆုံအားပေးခဲ့ပြီး အမြန်ဆုံးလည်ပတ်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများကို တွန်းအားပေးဆောင်ရွက်ခဲ့ပါကြောင်း၊ စက်ရုံမှူးနှင့် ဝန်ထမ်းများ၏ ကြိုးစားမှုကြောင့် ပြန်လည်လည်ပတ်နိုင်ခဲ့ပြီးတန်ချိန်၂ သောင်းကျော် ထုတ်လုပ်နိုင်ခဲ့ကာ နွေစပါးစိုက်ရာသီတွင် တောင်သူများထံသို့ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း၊ စက်ရုံနှစ်ပတ်လည်စက်ပြုပြင်မှု(Annual Shutdown) ကာလအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောက်ရွက်ခြင်းများအဆင့်သင့်ဖြစ်စေရေး လာရောက်ကြည့်ရှုစစ်ဆေးခြင်းဖြစ်ကြောင်း၊ မကြာမီဓာတ်ငွေ့ပိုလွှတ်တော့မည်ဖြစ်၍ ဓာတ်မြေသြဇာထုတ်လုပ်နိုင်ရေး ပြင်ဆင်ရမည့် အစိတ်အပိုင်းများပြင်ဆင်ထားရှိပြီး စွမ်းအားပြည့်လည်ပတ်နိုင်ရေးဆောင်ရွက်ရန်လိုပါကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပြန်လည်ပို့လွှတ်နိုင်ရေးကြိုတင် ညှိနှိုင်း ဆောင်ရွက်ထားရန်လည်းလိုအပ်မည်ဖြစ်ကြောင်း၊ စက်ရုံကောင်းမွန်စွာလည်ပတ်နိုင်ရေးနှင့် ဓာတ်မြေဩဇာများ ပြန်လည်ထုတ်လုပ်နိုင်ပါက နိုင်ငံတော်နှင့် တိုင်းဒေသကြီးအတွက်သာမက ဒေသခံတောင်သူများအတွက်ပါ သွင်းအားစု လိုအပ်ချက်များနှင့် ဈေးနှုန်းကြီးမြင့်မှုများအား အတိုင်းတာတစ်ခုအထိ ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်းနှင့် စက်ရုံလုံခြုံရေး၊ သန့်ရှင်းသာယာလှပရေးအတွက် အလေးထားဆောင်ရွက်ရွက်ရန်လိုပ်အပ်ကြောင်း”ပြောကြားပြီး ဝန်ထမ်းများအတွက် ကြက်ဥ၊ခေါက်ဆွဲခြောက်၊ကော်ဖီမစ် အစရှိသည့် စားသောက်ဖွယ်ရာများအား ထောက်ပံ့ပေးအပ်ကာ စက်ရုံအတွင်း စက်ရုံလည်ပတ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
.jpg)
.jpg)
.jpg)
.jpg)
.jpg)
.jpg)