ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည် (၁.၃.၂၀၁၇)ရက်နေ့တွင် ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်ပပို့ကုန် အလားအလာရှိသော ဒေသထွက်ကုန်နှင့် နိုင်ငံတကာထုတ်ကုန် ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မန်းဂျော်နီသည် (၁.၃.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိတိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ပြည်ပပို့ကုန် အလားအလာရှိသော ဒေသထွက်ကုန်နှင့် နိုင်ငံတကာထုတ်ကုန် ကုန်စည်ပြပွဲဖွင့်ပွဲ အခမ်းအနား တက်ရောက်ခဲ့ပါသည်။
ဝန်ကြီးချုပ်မှ ဒေသထွက်ကုန်များ၊ နိုင်ငံတကာသို့ တင်ပို့သောကုန်စည်များ ပိုမိုတိုးတက်အောင်ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခြင်းနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဦးအေးစိုးက အမှာစကားပြောကြားခြင်းများပြုလုပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် မန်းဂျော်နီ၊ တိုင်းဒေသကြီးလျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးဝင်းဌေး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးစိုးတို့က အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အခမ်းအနားတက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကာ ပြခန်းတွင်ပြသထားသော ကုန်စည်များ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးခဲ့ကြပါသည်။