တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာတွင်(၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဧက၁၀၀ တောင်သူများ၏ ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်အားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ဘုရားကြီးကုန်းကျေးရွာအုပ်စု၊ ဘုရားကြီးကုန်းကျေးရွာ၊ ဧက ၁၀၀ တောင်သူများတွင်ပါဝင်သည့် တောင်သူ  ဦးမျိုးနိုင်၏ လယ်မြေ (၅)ဧကတွင် ပြုလုပ်သည့် (၁)ဧက တင်း (၁၀၀)ထွက်ရှိစေရေးအတွက် ဘောင်ပျိုးခင်းစနစ် မျိုးစေ့ချပွဲ တက်ရောက်၍ စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ တောင်သူများက ဘောင်ပျိုးခင်းစနစ်ဖြင့် ဆင်းသုခ မျိုစပါးများ မျိုးစေ့ချစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ (၁)ဧက၊ တင်း(၁၀၀)ထွက်ရှိစေရေးဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပန်းတိုင်အထွက်နှုန်းရရှိးရေး၊ အထွက်တိုးမျိုးကောင်းမျိုးသန့်များသုံးစွဲစေရေးနှင့် စိုက်ပျိုးရေးနည်းစနစ်များမှန်ကန်စေရေး တောင်သူများအား အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရန်မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘုရားကြီးကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဆရာဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ ကျောင်းသားကျောင်းသူများတွင် သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောက်ဂါများဖြစ်ပွားမှုမရှိစရေးဂရုတစိုက်ဆောင်ရွက်ကြရန်မှာကြားခဲ့ကာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ ကျောင်းသူကျောင်းသားများအတွက် ကျန်းမာရေးသုံးပစ္စည်းများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

29-Jun-2022