ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် RC နှစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ခြင်းနှင့် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊( ၁၄၀ပေ×၃၀ပေ) RC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပတ်ဖြန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး၊ ကျောင်းသန့်ရှင်းသာယာစေရေး၊ ကူးစက်ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ ဓနုဖြူမြို့နယ်၊ နန်းတော်ကုန်းကျေးရွာ၊ တောင်သူဦးစံဝ၏ လယ်မြေ ၈ ဧကတွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန် သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်ထည့်သွင်းအသုံးပြုခြင့်ဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှု၊ ဓာတ်မြေသြဇာအသုံးပြုများလျော့ချနိုင်မှုနှင့် ပိုက်ဆံလျှောထည့်သွင်းစိုက်ပျိုးခြင်းကို ပိုမိုဆောင်ရွက်ကြရန်ပြောကြားခဲ့ပါသည်။

19-Jun-2022