ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မြို့သန့်ရှင်းသာယာရေးကြည့်ရှုစစ်ဆေးခြင်းနှင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁၆) အခြေခံပညာမူလတန်းကျောင်းနှင့် ရပ်ကွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ပြည်သူများပူးပေါင်း၍ ခြုံနွယ်များရှင်းလင်းခြင်းနှင့် ရေနုတ်မြောင်းများတူးဖော်ခြင်းဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး အမှိုက်များစနစ်တကျစွန့်ပစ်စေရေး၊ သန့်ရှင်းသာယာရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြစေရေးမှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာ၌ လယ်​မြေဧက(၁၀၀)တွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက်သစ်စိမ်း​မြေသြဇာ(ပိုက်ဆံ​လျှော်)ထည့်သွင်းထွန်ယက်ခြင်းကိုကြည်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)များထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီမြေသြဇာများပြန်လည်ကောင်းမွန်လာမှုများ၊ စပါးအတွက်လိုအပ်သောအာဟာရဓာတ်များ များစွာပါဝင်မှုများနှင့် ဓာတ်မြေသြဇာသုံးစွဲမှုများကိုလျှော့ချပေးနိုင်မှုများအားပြောကြားခဲ့ပြီး သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) များ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်

ယနေ့တွင် ၂၀၂၂မိုးစပါးစိုက်ပျိုးရန်အတွက် သစ်စိမ်း​မြေသြဇာ (ပိုက်ဆံ​လျှော်) ထည့်သွင်းထွန်ယက်ခြင်းကို ကျုံပျော်မြို့နယ်၊ မြေရဲတောင်ကျေးရွာတွင်ဧက (၅၀)၊ရေကြည်မြို့နယ်၊ ဆီဆုံကုန်းကျေးရွာ၌ ဧက (၅၀)၊ ဟင်္သာတမြို့နယ်၊ တောင်ဂလုံကျေးရွာ၌ (၉) ဧက နှင့်မအူပင်မြို့နယ်၊ ဝါးတောကျေးရွာ၌ (၂၉)ဧကတို့အား စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူပေါင်းဆောင်ရွက်လျက်ရှိပါသည်။

17-Jun-2022