ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးသည် ပုသိမ်ပညာရေးကောလိပ်တွင် ကျင်းပပြုလုပ်သည့်(၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးသည် (၂၃.၂.၂၀၁၇)ရက်နေ့တွင် ပုသိမ်မြို့၊ ပုသိမ်ပညာရေးကောလိပ်၌ ကျင်းပပြုလုပ်သည့် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာသင်တန်းအမှတ်စဉ်(၁၉/၁၄) ဒုတိယနှစ်၏ (၁၉)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာ အပ်နှင်းပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် လူမှုရေးဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားပြီး လုပ်ငန်းခွင်ဝင်ရောက်မည့် သင်တန်းဆင်းကျောင်းသား/သူများက ဆရာများခံယူအပ်သော သစ္စာအဓိဌာန်(၆)ချက် ရွတ်ဆိုခဲ့ကြကာ တာဝန်ရှိသူများမှ သင်တန်းဆင်းဒီပလိုမာအောင်မြင်ပြီးသူ (၃၅၅)ဦးအား အောင်လက်မှတ်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

24-Feb-2017