ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် Power Of Success Co.Ltd မှ GSM Antenna တပ်ဆင်အသုံးပြုနိုင်သော လျှပ်စစ်မီးတိုင်လှူဒါန်းရန်ကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုအား လက်ခံတွေ့ဆုံ


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် မန်းဂျော်နီသည် (၂၄.၂.၂၀၁၇)ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တာဝန်ရှိသူတို့နှင့်အတူ Power Of Success Co.Ltd တာဝန်ရှိသူများမှ ဧရာ၀တီတိုင်းဒေသကြီးအတွင်း GSM Antenna တပ်ဆင်အသုံးပြုနိုင်သော လျှပ်စစ်မီးတိုင်လှူဒါန်းရန်ကိစ္စနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးမှုအား လက်ခံတွေ့ဆုံခဲ့ပါသည်။

 

24-Feb-2017