ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့ ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပြီး ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်တွင်  ကျောင်းနေအရွယ်ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းတက်ရောက်နိုင်စေရေး တွန်းအားပေးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အခြေခံပညာကျောင်းများဖွင့်လှစ်ခဲ့ရာတွင် ၁၀ သိန်း ၄ သောင်းကျော်အပ်နှံခဲ့ပြီး ၉သိန်း၉သောင်း၇ထောင်ကျော် တက်ရောက်ခဲ့ပါကြောင်း၊  ကျောင်းသားကျောင်းသူများ ကျောင်တက် မှန်ကန်စေရေး၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေးနှင့် သင်ယူတတ်မြောက်မှုအရည်အသွေးမြင့်မားစေရေး ၊ အခြေခံပညာမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းပညာ၊ အဆင့်မြင့်ပညာများကို ဆက်လက်သင်ယူနိုင်ရေးဆရာ၊ဆရာမများအနေဖြင့် ဝိုင်းဝန်းကြိုးစားပေးကြရမှာဖြစ်ပါကြောင်း၊ ထို့ပြင်  ကျောင်းသူကျောင်းသားများ၏ ဝါသနာအလိုက် အားကစားကို အခြေခံမှစ၍ စနစ်တကျလေ့ကျင့်သင်ကြားပေးရန်လိုပါကြောင်း၊ ပညာရေးမှူးများအနေဖြင့် မိမိခရိုင်၊မြို့နယ်များရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ပညာရေးဆိုင်ရာလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်းနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ဆရာ၊ဆရာမများ၊ ကျောင်းသားမိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များမှ ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ ကျောင်းအပ်နှံတက်ရောက်မှုများနှင့်ကျောင်းဖွင့်လှစ်သင်ကြားမှုများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့ပါသည်။

15-Jun-2022