ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဒေးဒရဲမြို့နယ်အတွင်း (GW-11) တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ တောင်သူဦးဝင်းမြင့်အောင်၏ လယ်မြေ ၁၆၂ ဧကတွင် (GW-11) မျိုးစပါးတစ်မိုးနှစ်သီးစိုက်ပုံစံ ပထမသီး စိုက်ပျိုးဖြစ်ထွန်းနေမှုအား ကြည့်ရူအားပေးခဲ့ပြီး တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှူးမှ ဒေးဒရဲမြို့နယ်အတွင်း မိုးစပါး၊ နွေစပါးစိုက်ပျိုးမှုအခြေအနေများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လျာထားစိုက်ဧကများပြည့်မီကျော်လွန်စေရေး၊ အထွက်နှုန်းတိုး မျိုးကောင်းမျိုးသန့်စပါးများအသုံးပြုစေရေးမှာကြားခဲ့ပါသည်။

ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ  တောင်သူကြီး ဦးဝင်းမြင့်အောင်၏ တစ်မိုးနှစ်သီးစိုက်သီးနှံပုံစံ ၁၆၂ ဧက တကွင်းတစပ်တည်းစိုက်ကွင်းတွင် (GW 11) စပါးကို ဧ ပြီလတွင်ကြဲခင်းစနစ်ဖြင့်စိုက်ပျိုးခဲ့ပြီး သြဂုတ်လတွင်ရိတ်သိမ်းမည်ဖြစ်၍ ပေါ်ဆန်းဘေး ကြားစပါးကို ဇူလိုင်လတွင်ကြိုတင်ပျိုးထောင်ထားရှိပြီး သြဂုတ်လကုန်တွင်မိုးစပါးဒုတိယသီးပြန်လည်စိုက်ပျိုးသွားမည်ဖြစ်ကာ ဒုတိယသီးရိတ်သိမ်းပြီး ဇန်နဝါရီလတွင် နွေစပါး (ရက် ၉၀ မျိုး)ထပ်မံစိုက်ပျိုးမည်ဖြစ်ပြီး တစ်နှစ်သုံးသီးစိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။

14-Jun-2022