ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာနှင့် ကျုံကဒွန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းဆောင်သစ်များအား တက်ရောက်ဖွင့်လှစ်ပေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ဇွန်လ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ကျုံတာကျေးရွာအခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ် ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်၍ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

အလားတူ ကျုံကဒွန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း (၁၂၀ပေ×၃၀ပေ) RC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲတက်ရောက်ခဲ့ပြီး အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ အဆောက်အဦသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်ဖွင့်ပွဲများတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများအေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရေး၊  ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပစေရေး၊ သွေးလွန်တုပ်ကွေးရောဂါစသည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး မှာကြားခဲ့ပြီး လိုအပ်သည်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

14-Jun-2022