အရေးပေါ်သတင်းထုတ်ပြန်ချက်


တရားဝင်ခွင့်ပြုချက်မရှိသည့် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ထားရှိခြင်းနှင့်ပတ်သက်၍ အသိပေးကြေညာခြင်း
တရားဝင်ခွင့်ပြုချက်မရှိသည့် ဂြိုလ်တုရုပ်မြင်သံကြားဖမ်းစက်များ လက်ဝယ်ထားရှိခြင်းကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာမြို့နယ် (သို့မဟုတ်) ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ညွှန်ကြားချက် ထုတ်ပြန်သည့်နေ့ မေလ (၁၄)ရက်နေ့မှစ၍ ရက်ပေါင်း (၃၀)အတွင်း အပ်နှံရမည်၊ အပ်နှံရန် ပျက်ကွက်ပြီး လက်ဝယ်ဆက်လက်ထားရှိပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ ၃၆ အရ အရေးယူခံရမည် ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ (၁၄.၅.၂၀၂၁) ရက်စွဲပါညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၁ ဖြင့် ညွှန်ကြားချက်ထုတ်ပြန်ထားရှိမှုအား သိရှိနိုင်ပါရန်နှင့် ညွှန်ကြားချက်နှင့်အညီ လိုက်နာ ဆောင်ရွက်သွားရန် အသိပေးကြေငြာအပ်ပါသည်။


Read More...
24-May-2021