သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၈)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်
၂၀၂၄ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်အခမ်းအနားကို (၃၀.၅.၂၀၂၄) ရက်နေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် အသင်းနည်းပြ၊ အုပ်ချုပ်သူများ၊ ဘောလုံးဝါသနာရှင်ပြည်သူများ တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်ဘောလုံးအသင်းနှင့် ဖျာပုံခရိုင် ဘောလုံးအသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ရာ ဖျာပုံခရိုင်ဘောလုံးအသင်းက ပုသိမ်ခရိုင်ဘောလုံးအသင်းကို ပင်နယ်တီအဆုံး အဖြတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ဆက်လက်၍ဆုချီးမြှင့်ပွဲအခမ်းအနားကိုပြုလုပ်ရာ ဆုရရှိသည့် ခရိုင်အသင်းများမှ အားကစားသမားများက နေရာယူကြပြီးနောက် ရှေ့တန်းအကောင်းဆုံး ကစားသမားဆု ရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အလယ်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ နောက်တန်းအကောင်းဆုံး ကစားသမားဆုရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို စီးပွားရေးရာဝန်ကြီးကလည်းကောင်း၊ ဂိုး အကောင်းဆုံး ကစားသမားဆုရရှိသူအား တစ်ဦးချင်းဆုဖလားနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုရရှိသူအား တိုင်းဒေသကြီးတရားသူကြီးချုပ်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်ဘောလုံး အသင်းအား အနောက်တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးက တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကို ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိသည့် ဖျာပုံခရိုင်ဘောလုံးအသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က တစ်ဦးချင်းဆုတံဆိပ်များ၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။


Read More...
31-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆို
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းတွင် ပြုလုပ်သည့် အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများအား ဂုဏ်ပြုကြိုဆိုပွဲသို့တက်ရောက်ခဲ့သည်။ ဦးစွာ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆုရ မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများက ပန်းစည်းများ၊ ပန်းကုံးများဖြင့် ​သောင်း​သောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ​လာအိုနိုင်ငံ ၊ ဗီယန်ကျင်းမြို့တွင်ကျင်းပခဲ့သည့် အ​ရှေ့​တောင်အာရှဂျူနီယာချန်ပီယံရှစ် ၂၀၂၄  (၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ရွှေတံဆိပ်(၈)ဆု၊ ​ငွေတံဆိပ် (၂)ခု၊ ​ကြေးတံဆိပ် (၁) ခုရရှိ​အောင် စွမ်း​ဆောင်နိုင်ခဲ့သည့် မြောင်းမြမြို့နယ်မှ နိုင်ငံဂုဏ်ဆောင်ကြက်တောင်ရိုက်အားကစားသမားများကို ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် အမျိုးသား အားကစားပွဲ​တော်တွင် တိုင်း​ဒေသကြီးအ​နေဖြင့် ဝင်​ရောက်ယှဥ်ပြိုင်​ရေးအတွက်လည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အရှေ့တောင်အာရှ(၅)နိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ဆုများရရှိခဲ့သည့်အတွက် တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ခဲ့သည့်အတွက် များစွာ ဝမ်းမြောက်ဂုဏ်ယူပါ​ကြောင်း ၊ တိုင်းဒေသကြီး၏ အားကစားအဆင့်အတန်းအား ယခုထက်ပိုမိုမြင့်မား​ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ဂုဏ်ပြု” အားပေးစကားများ ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုရအားကစားသမားများအား ဂုဏ်ပြုဆုငွေများနှင့် ဂုဏ်ပြုပန်းစည်းများပေးအပ်ခဲ့သည်။  ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌတို့ကဂုဏ်ပြုဆုငွေများ ဆက်လက်ပေးအပ်ခဲ့ပါသည်။ ထို့နောက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများကိုယ်စား ေရွှတံဆိပ် ၃ ခု၊ ငွေတံတံဆိပ် ၁ ခုရ  မောင်ဟိန်းသီဟအောင်က ပြိုင်ပွဲအတွေ့အကြုံများနှင့်  ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။


Read More...
30-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးဂျူဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးဂျူဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအသင်းမှ အုပ်ချုပ်၊ နည်းပြ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ဂျူဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးဂျူဒိုအသင်းသည် နှစ်အလိုက်အောင်မြင်မှုများရရှိခဲ့သည့် အသင်းဖြစ်ပြီး တိုင်းဒေသကြီးအတွက် အားထားရသည့်အားကစားသမားများဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး အတွင်းမှ ထူးချွန်အားကစားသများအားစုဖွဲ့၍ စခန်းသွင်းလေ့ကျင့်မှုများဆောင်ရွက်ခဲ့ကြောင်း၊  ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ကိုယ်ကာယကြံ့ခိုင်မှုများအပြင် ကျန်းမာရေးကောင်းမွန် ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နည်းစနစ်မှူးများကလည်း ရရှိသည့် အချိန်တွင် စနစ်တကျသင်ကြားပြသရန်လိုပါကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား၏ အောင်မြင်မှုများကို နမူနာယူ၍ အောင်မြင်မှု များရရှိအောင် ကြိုးစားကြစေလိုကြောင်းနှင့် တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမား ကောင်များဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်း ဒေသကြီးကိုယ်စားပြု ဂျူဒိုအသင်းတာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။


Read More...
30-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက် ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး
၂ဝ၂၄-၂ဝ၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သီးနှံများလျာထားချက်ပြည့်မီအောင်စိုက်ပျိုး နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၂၉.၅.၂၀၂၄)ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“  ဧရာဝတီတိုင်းဒေသကြီးကို အနောက်တောင်မုတ်သုံလေ ဝင်ရောက်ခဲ့ပြီးဖြစ်ရာ ၂၀၂၄-၂၀၂၅ စိုက်ပျိုးရာသီတွင် ရည်မှန်းချက်ပေးထားသည့်စိုက်ဧကပြည့်မီရေးနှင့် သီးနှံစုံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများအပေါ် ဌာနဆိုင်ရာပေါင်းစပ်ညှိနှိုင်းပေးရန်ဖြစ်ပါကြောင်း၊ နွေစပါးရိတ်သိမ်းပြီးစီးမှု (၉၈ %) ကျော်ရှိပြီး တစ်ဧကပျမ်းမျှ(၁၁၀)တင်းကျော်ထွက်ရှိသဖြင့် ယခုနှစ်နွေစပါးပန်းတိုင်အထွက်နှုန်းရောက်မည့်နှစ်ဖြစ်ပါကြောင်း၊ အစေ့ထုတ်ပြောင်းမှာ ပန်းတိုင်အထွက်နှုန်းရောက်ရှိပြီးဖြစ်ပြီး မိုးစပါး ၁ဧက ၁၀ တင်းနှုန်း ပိုမိုထွက်ရှိရေးနှင့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းပန်းတိုင်အထွက်နှုန်း ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်းလေးသွယ်ဖြင့် စနစ်တကျအကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်စေရေးအတွက်လည်း တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြပ်မတ် ဆောင်ရွက်လျက်ရှိပြီး နှစ်အလိုက်ရည်မှန်းချက်များ ချမှတ်လျာထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) များအပြည့်အဝထည့်သွင်း စိုက်ပျိုးသွား မည်ဖြစ်ပါကြောင်း၊ ကြဲခင်းများ လျော့နည်းပပျောက်စေရေးအတွက် စပါးမျိုးစေ့ချကိရိယာ Drum Seeder များအသုံးပြုစိုက်ပျိုးခြင်းဖြင့် ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေမည့်အပြင် မျိုးစပါးကုန်ကျမှုသက်သာခြင်းနှင့် ငွေကြေးကုန်ကျမှုကိုလည်း များစွာသက်သာစေမည်ဖြစ်ပါကြောင်း၊ မျိုးေစ့လွှမ်းခြုံမှု ရာနှုန်းပြည့်လွှမ်းခြုံနိုင်ရန်အတွက် ကုမ္ပဏီ၊ တောင်သူ၊ စိုက်ပျိုးရေးဌာနများက ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စိုက်ဧကများလျာထားချက်ပြည့်မီရေး၊ အထွက်နှုန်း၊ စာရင်းဇယားများမှန်ကန်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးရေးအထူးဇုန်နှစ်ခု အကောင်အထည်ဖော် စိုက်ပျိုးသွား မည်ဖြစ်ပြီး ကျန်ခရိုင်များတွင်လည်း ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ နည်းပညာနှင့် တောင်သူအသိပညာပေးလုပ်ငန်းများအတွက် ပညာရှင်များဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ခဲ့ပြီး လိုအပ်သော ပံ့ပိုးမှုများကိုလည်းဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မွေးမြူရေးဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ပုသိမ်မြို့အနီး နို့စားနွားမွေးမြူရေးဇုန်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် စက်မှုလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးအတွင်း အဓိကသီးနှံများပန်းတိုင် အထွက်နှုန်းရရှိရေး၊ ကြဲခင်း စနစ်လျော့နည်းပပျောက်ရေး၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) တိုင်းလုံးကျွတ်ထည့်သွင်း မြေမြှုပ်နိုင်ရေး၊ ဆီဖူလုံမှုရှိစေရေးနှင့်မိုးစပါးတစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍  တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီတွင် သုံးသီးစိုက်ဧကနှင့် ရိုးပြတ်ကျန်ဧရိယာများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း ကြဲခင်းစနစ် ပပျောက်ရေးအတွက် Drum Seeder ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေမှုနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း မွေးမြူရေးဇုန်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေ များအား တိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးအတွင်း သီးနှံများလျာထားချက်ပြည့်မီအောင်  စိုက်ပျိုးနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်မှုများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ရှင်းလင်းတင်ပြကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသူများက အထွေထွေဆွေးနွေးတင်ပြကြခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များသည် ပုသိမ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် နေ့စဉ်ကျောင်းအပ်နှံလက်ခံမှုစာရင်းများအား မေးမြန်းခဲ့ပြီး မျှော်မှန်း ကျောင်းသားဦးရေပြည့်မီရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့်ပူးပေါင်း ဆောင်ရွက်ရေးမှာကြားခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာပညာသင်ယူနိုင်ရေး၊ ကျောင်းဆောင်လိုအပ်သည့် စာသင်ကျောင်းများအား ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ ကျောင်းများဥပဓိရုပ် ကောင်းမွန်စေရေးနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက် ကြရန်မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။


Read More...
30-May-2024
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုများနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုနှင့် ပုသိမ်မြို့ပေါ်ရှိအခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်စက်မှုဇုန်တွင် လက်ဆွဲကောက်စိုက်စက် စမ်းသပ်ထုတ်လုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ပြီး လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ရာတွင် တိုင်းဒေသကြီး၏ ရေမြေနှင့်ကိုက်ညီသည့် စက်ကိရိယာများ ဖြစ်ရန်လိုအပ်ကြောင်း၊ စမ်းသပ်မောင်းနှင်၍ လိုအပ်ချက်များကိုလည်း တစ်ပါတည်းပြုပြင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်အသုံးပြုပါက ကြဲခင်းစနစ်များကိုလည်း လျော့နည်းပပျောက်သွားစေမည်ဖြစ်ပါကြောင်း၊ တောင်သူများအတွက် အကျိုးပြုမည့် လက်ဆွဲကောက်စိုက်စက်များ အောင်မြင်စွာ ထုတ်လုပ်နိုင်ပါက တိုင်းဒေသကြီးအတွင်း အလုပ်အကိုင်အခွင့်အလမ်းများလည်း ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် အောင်မြင်အောင်ဆောင်ရွက်ကြရန်” မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပုသိမ်မြို့အမှတ်(၉) အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆) အခြေခံပညာအထက်ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ မိဘများအား အားပေးစကားများပြောကြားခဲ့ကာ တာဝန်ရှိသူများအား ကျောင်းစတင်အပ်နှံသည့်နေ့မှ နေ့အလိုက် ကျောင်းလာရောက်အပ်နှံမှု အခြေအနေများ၊  ရည်မှန်းကျောင်းသားဦးရေ အတိုင်းပြည့်မီအောင် အပ်နှံနိုင်မှုအခြေအနေများအား မေးမြန်းခဲ့ပြီး ကျောင်းအတွင်း၊ အပြင်၊ ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဥပဓိရုပ်များကောင်းမွန်စေရေး၊ ကျောင်းသား ကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှု မရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး၊ အပ်နှံရန်ကျန်ရှိသူများရှိပါက အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။


Read More...
29-May-2024