သတင်းများ


တိုင်းဒေသကြီးဝန်ကြီးချုပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံး၌ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဩဂုတ်လ (၁၇) ရက်နေ့နေ့လည်ပိုင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ပုသိမ်မြို့၊ တိုင်းဒေသကြီးဦးစီးမှူးရုံး၌ ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ ဦးစီးမှူးများနှင့် ပြုလုပ်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားတက်ရောက်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ပြုလုပ်သည့် တိုင်း၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ နှင့်တွေ့ဆုံသည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်၍“ မြေပြင်လူဦးရေစာရင်းဇယား များကောက်ယူရာတွင် တိုင်းဒေသကြီးအနေဖြင့်အစောဆုံးကောက်ယူပြီးစီးခဲ့ပါကြောင်း၊ မိမိတို့ အနေဖြင့်လည်း ရရှိသည့်အချိန်များတွင် စာရင်းများရေးသွင်းနေမှုများ၊ တိုင်ဆိုင်စစ်ဆေးမှုများ ကိုလိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များအကြံပြုဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်ရှိနေ သည့်လုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်ကာလအတွင်းအချိန်မီ ပြီးစီးစေရေး ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့်လည်း စာရင်းဇယားများပြည့်စုံမှန်ကန်စေရေး အဆင့်ဆင့်ကြပ်မတ်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိပါကလည်း တင်ပြပေးစေလိုကြောင်းနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ပေးစေလိုကြောင်း”အမှာစကားများပြောကြားခဲ့သည်။


Read More...
17-Aug-2023
၂၀၂၃ခုနှစ်၊ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးဘောလုံးအသင်းအား အောင်နိုင်ရေး အလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာ ဦးစီး ဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၉) နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အုပ်ချုပ်သူ၊ နည်းပြ၊ အားကစား သမားများက တစ်ဦးချင်း မိတ်ဆက်ပေးပြီး အသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “  ပြည်နယ်နှင့် တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်သည့်အခါတိုင်း တိုင်းဒေသကြီး ကိုယ်စားပြုအသင်းများအား အောင်နိုင်ရေးအလံများပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေ ပေးအပ်ခြင်းများပြုလုပ်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အားကစားသမားများအတွက်လည်း ခွန်အားဖြစ်စေရန်နှင့် မိမိတို့အသင်း၏ အခြေအနေများ တိုးတက်မှုကို သုံးသပ်နိုင်ရန်လည်းဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲတွင် အကောင်းဆုံးယှဉ်ပြိုင်နိုင်ရန်အတွက် စခန်းသွင်းလေ့ကျင့်ခဲ့သည့်အပြင် ခြေစမ်းပွဲများပြုလုပ် နိုင်ခဲ့သဖြင့် ပြိုင်ပွဲ အတွေ့အကြုံများရရှိခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ အားကစားနည်းများအား ပြန်ကြည့်မည်ဆိုပါက အမျိုးသမီးဘောလုံးအသင်းသည် အောင်မြင်မှုပိုမိုရရှိသည်ကို တွေ့ရမှာဖြစ်ပါကြောင်း၊ အားကစားသမားများအနေဖြင့် အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် မိမိအသင်း နိုင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ကြရန်လည်းလိုပါကြောင်း၊ ပြိုင်ပွဲများယှဉ်ပြိုင်ရာတွင် အချိတ်အဆက်မိမိယှဉ်ပြိုင်ရန်လိုအပ်သည့်အပြင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ မှာကြား ချက်များကိုလည်း နာယူမှတ်သား၍ ပြိုင်ပွဲတွင်လည်း အောင်မြင်မှုရရှိရန် အင်တိုက်အားတိုက် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် အောင်မြင်မှုများရရှိပါစေကြောင်း” အားပေးအမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ သည်။ ဧရာဝတီတိုင်းဒေသကြီးအသက်(၁၉)နှစ်အောက် အမျိုးသမီး ဘောလုံးအသင်းအနေဖြင့် ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ အားကစားသမား စုစုပေါင်း (၂၂) ဦးဖြင့်ဝင်ရောက်ယှဉ်ပြိုင် သွားမှာဖြစ်ကြောင်းသိရသည်။


Read More...
17-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ် ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ တက်ရောက်အားပေး
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၌  တိုင်းရင်းသားဘာသာ စာပေသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲ (၂/၂၀၂၃)အား ယနေ့နံနက်ပိုင်းက အဆိုပါကောလိပ်၏ ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ဆရာမများနှင့်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ အခမ်းအနားအား ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများက “ကြိုဆိုလက်ကမ်း ကံ့တော်တန်းသီတန်း”သီချင်းဖြင့်သီဆိုဖွင့်လှစ် ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး ပညာရေးကိုလိုလားသည့်တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင်  တိုင်းရင်းသား ဘာသာစာပေသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် တိုင်းရင်းသားကျောင်းသား၊ ကျောင်းသူများပညာသင်ယူမှုတွင်အဆင်ပြေလာမည်ဖြစ်ပြီး တာဝန်ထမ်းဆောင်ရာ နေရာများ တွင် ဆရာ/ ဆရာများ တတ်မြောက်ထားသည့် ဘာသာရပ်များအလိုက် ကူညီသင်ကြား ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍတိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြ သူများဖြစ်ကြပါကြောင်း၊ ခေတ်စနစ်နှင့်အညီ  ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီး များ ဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့်ပြည့်စုံ သည့်လူငယ်များဖြစ်လာစေရေး လေ့ကျင့်ပျိုးထောင် ပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည် ဝါသနာ၊ စေတနာ၊ အနစ်နာ စသည့် နာသုံးနာကိုအရင်းတည်၍ စာဖတ်နာသူများ၊ စံနမူနာပြများဖြစ်စေရေး ဆောင်ရွက်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စနစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများအား ပြုစုပျိုးထောင်ပေးနိုင်ရေး၊  ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ် ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း” အမှာစကားများပြောကြားပြီး ထောက်ပံ့ငွေ များပေးအပ်ရာ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။  ဆက်လက်၍ ပုသိမ်ပညာရေးဒီဂရီကောလိပ်မှကျောင်းအုပ်ကြီးက ဆွေးနွေးပွဲ တက်ရောက်နေသော တိုင်းရင်းသာဘာသာစာပေသင် ဆရာ၊ ဆရာမများစာရင်းနှင့် ဆွေးနွေး ပေးမည့် ဘာသာရပ်များအားတင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကရင်တိုင်းရင်းသားတို့၏ ရိုးရာအကဖြင့်ဖျော်ဖြေမှုနှင့် (၄)နှစ်သင် ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများနှင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသည့် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး ခဲ့ကာ နေ့လယ်စာများအတူတကွသုံးဆောင်ခဲ့ကြကြောင်းသိရသည်။


Read More...
16-Aug-2023
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်
ဧရာဝတီတတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဩဂုတ်လ ၁၅ ရင်နေ့နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် ဖျာပုံခရိုင်၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမ၌ပြုလုပ်သည့် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲအား တက်ရောက်ခဲ့သည်။  ရှေးဦးစွာ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများက ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ တိုင်းဒေသကြီးသည် ပညာရေးနှင့်ပတ်သက်ပါက ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှုနှင့် အတန်းစဉ်ကူးပြောင်းမှု အများဆုံးဖြစ်ပြီး တိုင်းဒေသကြီးတွင်  တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာများခန့်အပ်သည့်အတွက် ေကျာင်းသားေကျာင်းသူများပညာသင်ယူမှုတွင် အဆင်ပြေလာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည်  လောကကို ပညာဖြင့်အလှဆင်သူများ၊ လောကကိုဂရုဏာဖြင့်ဖြေဖျောက်သူများ၊ အများအကျိုး ကိုယ်ကျိုးမဖက် ဆောင်ရွက်တတ်သူများဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် ကျောင်းသားကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေးပြည့်ဝစေရေးနှင့် နည်းမှန်လမ်းမှန်ရောက်အောင် သွန်သင် ဆောင်ရွက်ပေးကြသူများဖြစ်ကြပါကြောင်း၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လူစွမ်းအားအရင်းအမြစ်များ ထူးချွန်ထက်မြက်ရန်အတွက် ပညာရေးသည် အရေးကြီးသောအခန်း ကဏ္ဍမှာပါဝင်နေပါကြောင်း၊ ဆရာ၊ဆရာမများကလည်း ခေတ်စနစ်နှင့်အညီ  ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများ ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရရှိထားသည့် အတတ်ပညာ၊အသိပညာ၊ ဗဟုသုတများကို အနာဂတ်သားကောင်း သမီးမွန်တို့အား လက်ဆင့်ကမ်း ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်စေရေး၊ အတန်းစဉ်ကူးပြောင်းမှု မြင့်မားစေရေးကိုလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့ကိုယ်တိုင် စည်းကမ်းတကျဖြင့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာထမ်းဆောင်ရန်နှင့် စည်းကမ်းလိုက်နာမှု၊ စတစ်တကျရှိမှု၊ သေသပ်ကျနမှုစသည့် အလေ့အကျင့်ကောင်းများဖြင့် ကျောင်းသားကျောင်းသူများပြုစုပျိုးေထာင်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း” ဩဝါဒအမှာစကားများပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးက အားပေးအမှာစကားများဆက်လက်ပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အားအရည်အသွေးမြှင့်ဆွေးနွေးပွဲသို့ မြို့နယ်အလိုက်တက်ရောက်သည့်ဆရာ၊ ဆရာမများက မြို့နယ်အလိုက်မိတ်ဆက်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုပေးအပ်ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။ အဆိုပါ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသို့ ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ မြို့နယ်များမှ သင်တန်းသားသင်တန်းသူ ဆရာမ၊ ဆရာမ (၂၀၀) ကျော်တက်ရောက်ကြောင်းသိရသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  သင်တန်းသားသင်တန်းသူဆရာမ၊ ဆရာမ များနှင့်အတူ ခင်မင်ရင်းနှိးစွာနေ့လည်စာအတူတကွသုံးဆောင်ခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ်၊ သာပေါင်းလေးကျေးရွာ၊ တောင်သူ ဦးစံသောင်း၏ လယ်မြေ (၇.၅၈) ဧကတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးရာသီပေါ်ဆန်းရင်(၆) မျိုးယှဉ်ပိုင်စမ်းသပ်ကွက် စိုက်ပျိုးထားရှိမှု၊ မြေဩဇာ နှုန်းထားစမ်းသပ်ကွက် စိုက်ပျိုးစမ်းသပ်ထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးမှုးမှ ပေါ်ဆန်းရင်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးမှု၊ မြေဩဇာနှုန်းထားစမ်းသပ်ကွက်ဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ယှဉ်ပြိုင်စမ်းသပ်ကွက်များမှ အကောင်းဆုံးစံကွက်များစနစ်တကျမှတ်တမ်းထားရှိစေရေး၊ အောင်မြင်အောင်ဆောင်ရွက်စေရေးနှင့် ပေါ်ဆန်းအရည်အသွေးတိုးတက်စေရေး​ဆောင်ရွက်မှာကြားခဲ့ပြီး အထွက်တိုး ရက်(၉၀) မျိုးစပါး စနစ်တကျစိုက်ပျိုးနေမှုအားကြည့်ရှုအားပေးခဲ့သည်။


Read More...
15-Aug-2023
တိုင်းဒေသကြီးဝန်ကြီးချုပ် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက မြောင်းမြမြို့တွင် ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ပြုပြင်ထိန်းသိမ်းမှု အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားများအား တက်ရောက်ခဲ့ကြောင်းသိရသည်။ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၄)အလတ်စားစက်ပြင်အလုပ်ရုံ (မြောင်းမြ)၌ပြုလုပ်သည့် ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းဖွင့်ပွဲ (၃/၂၀၂၃) အခမ်းအနားသို့တက်ရောက်၍ “ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်းအား ကျုံပျော်၊ မအူပင်ခရိုင်တို့တွင် ဖွင့်လှစ်ခဲ့ပြီး ယခုဖွင့်လှစ်သည့်သင်တန်းသည် သုံးကြိမ်မြောက်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျန်ခရိုင်များတွင်ဆက်လက်ဖွင့်လှစ်သွားမှာဖြင်ပြီး ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ရိတ်သိမ်း​ချွေ​လှေ့စက်များအသုံးပြုရာတွင်စက်​မောင်းများက်ိုင်တွယ်ထိန်းသိမ်းမှုအားနည်းပါက စပါးအ​လေအလွင့်ရာခိုင်နှုန်းများသည်ကို​ တွေ့ရှိရသဖြင့်​ နွေစပါးအပြီးမိုးစပါးမရိတ်သိမ်းမီ သင်တန်း​ပေးရခြင်းဖြစ်ပါ​ကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ဧကအများဆုံးတိုင်းဒေသကြီးဖြစ်ပြီး ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းရာတွင် (၂)ရာခိုင်နှုန်းမှ(၄)ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးမှုရှိသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီး အနေဖြင့် မိုးစပါးတစ်ဧက ၁၀တင်း အထွက်တိုးစေရေးရည်မှန်းချက်ထားဆောင်ရွက်နေသကဲ့သို့ ရိတ်သိမ်းခြွေ့လှေ့စက်မောင်းနှင်သူများက ယခုသင်တန်းအား စနစ်တကျသင်ကြားတတ်မြောက်၍ ရိတ်သိမ်းခြွေလှေ့မည်ဆိုပါက လေလွင့်ဆုံးရှုံးမှုနည်းပါးပြီး အထွက်နှုန်းများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ယခုသင်တန်းပြီးဆုံးပါက ဆင့်ပွားသင်တန်းများလည်း ပြန်လည်ပြုလုပ်စေခြင်းဖြင့် ကျွမ်းကျင်သည့်စက်မောင်းများ တစ်တိုင်းလုံးပျံ့နှံ့စေရေးဆက်လက်လုပ်ဆောင်ရန်လည်း လိုပါကြောင်း၊ စက်မောင်းကျွမ်းကျင်သူများအနေဖြင့်လည်း   လေလွင့်ဆုံးမှုနည်းနိုင်သမျှနည်းပါးအောင် ရိတ်သိမ်းပေးကြစေလိုကြောင်းနှင့် အားလုံးကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားလိုပါကြောင်း”အမှာစကားများပြောကြားသည်။ ဆက်လက်၍ စက်မှုလယ်ယာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြပြီးနောက် သင်တန်းကြီးကြပ်သူနှင့် နည်းပြဆရာများက တစ်ဦးချင်းဂါဝရပြုမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး စက်မှုလယ်ယာစခန်းရှိ လယ်ယာသုံးစက်ကြီးများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ပြုပြင်ထိန်းသိမ်းမှုအခြေခံသင်တန်း(၃/၂၀၂၃) သင်တန်းသို့ သင်တန်းသား(၅၀)ဦးနှင့် စက်မှုလယ်ယာဦးစီးဌာနမှဆရာဖြစ်သင်တန်းသား (၆)ဦးဖြင့် စုစုပေါင်း သင်တန်းသား ၅၆ ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလ (၄)ပတ်ကြာ သင်ကြားပို့ချသွားမှာဖြစ်ကြောင်းသိရသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)၊ မြကျွန်းရွှေဝါခန်းမ၌ (၂၀၂၃-၂၀၂၄)ပညာသင်နှစ်တွင် တက်ရောက်နေသည့် သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းကျောင်းရှိဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး“ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး စိုက်ပျိုးရေးနှင့်တွဲဖက်၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့်နိုင်ငံတော်၏ အမျိုးသားေရးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပြီး စပါးစိုက်ဧကအများဆုံးဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့်လည်း သင်တန်ပြီးဆုံးပါက အလယ်အလတ်အဆင့် ပညာရှင်များ ဖြစ်လာမည်ဖြစ်ပါကြောင်နှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နေရာများ၌ မိမိတို့သင်ကြားတတ်မြောက်ထားသည့် ပညာရပ်များအား လက်တွေ့ ပြန်လည်အသုံးချရမှာဖြစ်ပါကြောင်း၊  ဧရာဝတီတိုင်းဒေသကြီးတွင်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်း၊ ၊စိုက်ပျိုးရေးနှင့် မွေးမြူရေးအထက်တန်းကျောင်း(၂)ကျောင်းဖွင့်လှစ်၍ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးဘာသာရပ်များ ပို့ချသင်ကြားပေးလျက်ရှိပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း သင်တန်းပြီးဆုံး၍ မိမိတို့တာဝန်ကျရာဒေသများ၌ တာဝန်ထမ်းဆောင်သည့်အခါ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန်လည်းလိုပါကြောင်း၊  ဒေသတွင်းတွင် စိုက်ပျိုးကြသည့် သီးနှံများနှင့် မွေးမြူရေးလုပ်ငန်းများကို စနစ်တကျလေ့လာ၍ လက်တွေ့သင်ကြားပြသပေးရန်နှင့် တောင်သူများမှ အားကိုးအားထားရသူများဖြစ်ရေေးဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ လိုအပ်ချက်များရှိပါကလည်း ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း” အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ‌စိုက်ပျိုးရေးသိပ္ပံ(မြောင်းမြ)ကျောင်းအုပ် ဆရာမကြီးက ကျောင်းဆိုင်ရာအချက်အလက်များ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ပထမနှစ် ဝင်ခွင့် လျှောက်လွှာ လျှောက်ထားလူမှု အခြေအေနေများနှင့် ကျောင်း၏လိုအပ်ချက်များကို ရှင်းလင်း တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ပြီး ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။ စိုက်ပျိုးရေးသိပ္ပံမြောင်းမြတွင် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်သင်တန်းသား သင်တန်းသူစုစုပေါင်း ၄၀၇ဦးတက်ရောက်လျက်ရှိကြောင်းသိရသည်။  ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ အူကျွန်းကျေးရွာ၊ တောင်သူ ဦးအောင်မျိုးသိုက်၏ လယ်မြေ(၄)ဧက၊ နယူးဧရာအထွက်တိုးမျိုးစပါးစိုက်ခင်းတွင် ပြုလုပ်သည့် ပေါင်းလိုက်၊ သမန်းနှိုး၊ မြေဩဇာကြဲပတ်ပွဲတက်ရောက်အားပေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ သဘာဝမြေဩဇာနှင့် ဓါတ်မြေဩဇာအချိုးကျသုံးစွဲစေရေး၊ အထွက်တိုးမျိုးစပါး ပိုမိုတိုးချဲ့စိုက်ပျိုးစေရေး၊ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကအားလုံး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်ပါ၍ ပိုက်ဆံလျှော်မျိုးစေ့များအားကြိုတင်စုဆောင်းထားကြရန်လိုပါကြောင်းနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိစေရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်မှာကြားခဲ့သည်။


Read More...
15-Aug-2023