ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် အိမ်မဲမြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၂၄ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါလျက် အိမ်မဲမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာ၊ နည်းပညာပြန့်ပွားရေးစင်တာတွင် ပိုက်ဆံလျှော်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ကာ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် မျိုး၊ရေ၊ မြေ ၊ နည်း မှန်ကန်စွာစိုက်ပျိုးနိုင်ရေး၊ သာဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများ အချိုးကျသုံးစွဲစေရေးမှာကြားခဲ့ပါသည်။ ထို့နောက် လူကောင်းကျွန်းကျေးရွာတွင် ၂၀၁၉-၂၀၂၀၊ ၂၀၂၀-၂၀၂၁၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျေးလက်လမ်းဦးစီးဌာနမှဆောင်ရွက်သည့် လူကောင်းကျွန်း၊ ဇရပ်ချောင်းတံတား (၂၄၀ပေ×၂၀ပေ) ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ရေရှည်တည့်တံ့မှုရှိစေရေး၊ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးလမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ လူကောင်းကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ပြီး  လာမည့်ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ ရာနှုန်းပြည့်ကျောင်းတက်နိုင်ရေး၊  သွေးလွန်တုပ်ကွေးရောဂါစသည့် ရောဂါများ ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ထားရှိစေရေး၊ ကိုဗစ် ၁၉ ရာဂါကာကွယ်ရေးဆိုင်ရာလမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင်လျာထားဧကများပြည့်မီစေရေးနှင့် ဆီထွက်သီးနှံ(နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးမှာကြားခဲ့ပြီး ဒေသခံများကိုယ်စားတောင်သူတစ်ဦးမှ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။ ဆက်လက်ပြီး အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပြည်တန်ခန်းမတွင် မြို့နယ်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးအတွင်းမြို့နယ်အချို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု အနည်းငယ်တွေ့ရှိရသဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးစီမံချက်များနှင့်အညီ အုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဒေသခံပြည်သူများက ပူးပေါင်းဆောင််ရွက်ပေးကြရန်ပြောကြားခဲ့ပါတယ်။ အဲဒီနောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ထားရှိမှုများအားရှင်းလင်းတင်ပြခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ဆွေးနွေးတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ စာသင်ဆောင်များအတွင်းခြင်ဆေးမှုတ်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်းသတင်းရရှိပါသည်။

24-May-2022