ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုတင်ပြင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းများ ဖြစ်သည့် အမှတ်(၁)၊(၃)၊(၅) ကျောင်းများဖွင့်လှစ်ရန်ကြိုတင်ပြင်ထားရှိမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၂၃ ရက်နေ့နံနက်ပိုင်းက သွားရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ဆရာမများနှင့် တွေ့ဆုံကာ  ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှုအခြေအနေများ ၊ ကျောင်းသား ၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှုအခြေအနေများ ၊ ကျောင်းဆောင်သစ်ဆောာက်လုပ်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေးနှင့် ကျောင်းသား ၊ ကျောင်းသူများအေး ချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးဆောင်ရွက်ထားရှိကြရန်လိုအပ်ကြောင်းတို့ကို  လမ်းညွှန်မှာကြားခဲ့ပြီး သိလိုသည်များကို မေးမြန်းရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် ကျောင်းအုပ်ကြီးများက ပြန်လည်ဖြေကြားခဲ့သည်။

အလားတူ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းသို့လည်း‌ကောင်း၊အမှတ်(၅)အခြေခံအခြေခံပညာအထက်တန်း ကျောင်းသို့လည်းကောင်း သွားရောက်၍ ကျောင်းဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင်ထားရှိမှု ၊ ကျောင်းသူများ ကျောင်းအပ်လက်ခံနိုင်ရန် ဆောင်ရွက်ရှိမှုအခြေအနေများအား ဆက်လက်စစ်ဆေးခဲ့ပြီး စာသင်စောင်များနှင့် ကျောင်းဝန်းကျင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

23-May-2022