အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ (ဂုဏဝိသိဋ္ဌပူဇာသဘင်) အခမ်းအနားကျင်းပ

၂၀၂၂ခုနှစ် ဇန်နဝါရီလ(၄)ရက်(လွတ်လပ်ရေးနေ့)တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် "အဂ္ဂမဟာသဒ္ဓမ္မတဇောတိကဓဇ"" သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်အလှူခံရရှိတော်မူသော အောင်ဆန်းတောရတပ်ဦးကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီး ဒေါက်တာဘဒ္ဒန္တ သဒ္ဓမ္မကိတ္တိသာရ ( မဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဝိဇ္ဇာကာသီသိရိကမ္မဋ္ဌာနာစရိယ (သီရိလင်္ကာနိုင်ငံ) နိုင်ငံတော်သမ္မတကြီး၏နိုင်ငံ့စွမ်းဆောင်ရည်ဆုရ ပြည်တွင်းပြည်ပကမ္ဘာ့ဗုဒ္ဓသာသနာပြု ဆရာတော်အား ထပ်ဆင့်ချီးကျူးဂုဏ်ပြုပူဇော်ပွဲ(ဂုဏဝိသိဋ္ဌပူဇာသဘင်) အခမ်းအနား ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့၊ပြည်ငြိမ်းအေး ကျောင်းတိုက်၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဉီးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရဟန်းရှင်လူပရိတ်များ တက်​ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာအခမ်းအနားကို န​မောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်​တော့၍ ဖွင့်လှစ်ခဲ့၍ လေးမျက်နှာမြို့နယ်၊မြို့နယ်သံဃနာယက ဥက္ကဋ္ဌ၊ ယွန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဓမ္မာစရိယ(ကမ္မဋ္ဌာနာစရိယ)၊ မိုးကုတ်ဓမ္မကထိက အရှင်ဉာဏုတ္တရဆရာတော်ဘုရားမှ ဆရာတော်ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်၏ ထေရုပ္ပတ္တိအကျဉ်းချုပ်ကို ဖတ်ကြားပူဇော်ခဲ့ကာ  တေးသံရှင်များမှ မင်္ဂလာရတုပိုဒ်စုံ၊ ရှစ်ဆယ်ပေါ်တေးထပ်တို့ ဖြင့်သီကျူးပူဇော်ခဲ့ပါတယ်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သာသနာရေးဆိုင်ရာများလျှောက်ထား၍  အဆရာတော်ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်အား အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော် ထပ်ဆင့်ဆပ်ကပ်လှူဒါန်းခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ အလှူရှင်များမှ ဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရမဟာထေရ်မြတ်နှင့် ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများနှင့်အလှူငွေများ အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။ ထို့နောက် လေးမျက်နှာမြို့နယ်၊ နယ်လှည့် ဓမ္မကထိကပရဟိတဆရာတော် အရှင် အရိယာနန္ဒမှ ဂုဏ်ပြုကျေးဇူးတင်စကားလျှောက်ထားတော်မူခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားနာယူခဲ့ကြကာ  ဗုဒ္ဓသာသနံ စိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြပါသည်။

22-May-2022