ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ပုသိမ်ပညာရေးဒီဂရီကောလိပ် မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်သည့်(၄) နှစ်သင် ပညာရေးဒီဂရီကောလိပ်၊ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားတက်ရောက် အမှာစကား ပြောကြားရာတွင် အခြေခံပညာတွင် လိုအပ်နေသည့် ဆရာဆရာမများကို သင်ကြားပို့ချပေးသည့် ပညာရေးဒီဂရီကောလိပ်ကို တက်ရောက်သင်ကြားကြတဲ့အတွက် ဝမ်းသာအားရမိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတော်တည်ဆောက်ရာတွင် ပညာရေးဖြင့် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ဆရာဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ သင်တန်းသူသင်တန်းသားများအနေဖြင့် ပညာရေးဒီဂရီကောလိပ်မှ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို စိတ်ပါဝင်စားစွာလေ့လာသင်ယူကြပြီး တိုင်းဒေသကြီး၊ နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမကောင်းများဖြစ်စေရေး ကြိုးစားကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်နေသည့် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသားကျောင်းသူများနှင့် ပထမနှစ်(ပထမနှစ်ဝက်)ကျောင်းသားကျောင်းသူများစာရင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဆရာဆရာမများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် တက်ရောက်နေသည့် ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသားကျောင်းသူ (၁၄၂)ဦး ပထမနှစ်(ပထမနှစ်ဝက်) ကျောင်းသားကျောင်းသူ(၂၀၂)ဦး စုစုပေါင်း ၃၄၄ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်းသိရှိရပါသည်။

19-May-2022