ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကျောင်းကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် မေလ ၁၈ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက်  ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းကျေးရွာအုပ်စု၊ ဂုန်မင်းကျေးရွာ၊ သာသနာ့ဇောတိကကျောင်း၊ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး လှုဖွယ်ပစ္စည်းနှင့်ဝတ္ထုငွေများဆပ်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့နောက် သာသနာ့ဇောတိကကျောင်းဓမ္မာရုံ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ၂၀၂၁-  ၂၀၂၂ မိုးစပါး၊နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများစိုက်ဧကအထွက်နှုန်းနှင့်မွေးမြူရေး ကိန်းဂဏန်းအချက်အလက်များမှန်ကန်မှုရှိစေရေး၊လျာထားစိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ သီးနှံများအထွက်နှုန်းတိုးစေရေးနှင့် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မြေဆီလွှာကောင်းမွန်စေရေးသဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာများအချိုးကျသုံးစွဲရန်လိုပါကြောင်းနှင့် လျာထားစိုက်ဧကများပြည့်မီစွာစိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအထွက်နှုန်းတိုးစေရေးနှင့် တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြပေးစေလိုကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ  စိုက်ဧကများပြည့်မီစေရေး၊ အထွတ်နှုန်းတိုးစေရေးနှင့် မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်ရေး ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တောင်သူများ၏ တင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှသက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ယခင်နှစ်များက ရိုးပြက်ကျန်စိုက်ဧကများ၌ နွေစပါး၊ ပဲမျိုးစုံ၊ဆီထွက်သီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေးအလေးထားဆောင်ရွက်ရန်နှင့် လျာထားစိုက်ဧကများပြည့်မီရေး၊ အထွက်နှုန်းတိုးစေရေးစိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီ အဆင့်ဆင့်မှ အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ပါတယ်။ ဆက်လက်၍ ဂုန်မင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ၊ဆရာမများနှင့်တွေ့ဆုံခဲ့ပြီး တင်ပြမှုများအပေါ်သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ကျောင်းသုံးပစ္စည်းများ၊ကျန်းမာရေးသုံးပစ္စည်းများနှင့်ထောက်ပံငွေများပေးအပ်ခဲ့ပါသည်။

18-May-2022