ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ကန်ကြီးထောင့်မြို့နယ်အတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်  မေလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက်  ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျုံကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၊ ဓမ္မပီတိသုခဓမ္မာရုံတော်ကြီး၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ၂၀၂၁-  ၂၀၂၂ ခုနှစ် မိုးစပါး၊ နွေစပါး၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံများစိုက်ဧကအထွက်နှုန်းနှင့် မွေးမြူရေး ကိန်းဂဏန်းအချက်အလက်များ မှန်ကန်မှုရှိစေရေး စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ ကွင်းဆင်းစစ်ဆေးဆောင်ရန်လိုပါကြောင်း၊ ထို့အပြင် စားသုံးဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံ (နေကြာ) တိုးချဲ့စိုက်ပျိုးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လျာထားစိုက်ဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများ အထွက်နှုန်းတိုးစေရေးနှင့် တက်ရောက်လာကြသူများမှ ဆွေးနွေးတင်ပြပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊  တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ တိုင်းဒေသကြီးမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ  စိုက်ဧကများပြည့်မီစေရေး၊ မွေးမြူရေးလုပ်ငန်းများ စနစ်တကျမွေးမြူနိုင်ရေး ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ တိုင်းဦးစီးမှူးတို့မှ လုပ်ငန်းဆောင်ရွက်မှုများအားရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်း စိုက်ပျိုးရေးထုတ်လုပ်မှု တိုးတက်မြင့်မားရေးလုပ်ငန်းများဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာမှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးနိုင်မည့်အခြေအနေများ ရှင်းလင်းတင်ပြခဲ့ကာ တောင်သူများမှ လိုအပ်သည်များတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ယခု၂၀၂၂- ၂၀၂၃ ခုနှစ်တွင် ယခင်နှစ်များက မိုးစပါးတစ်သီးသာစိုက်ပျိုးပြီး ရိုးပြက်ကျန်စိုက်ဧကများတွင် နွေစပါး၊ ပဲမျိုးစုံ၊ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအလေးထားဆောင်ရွက်ရန်နှင့် လျာထားစိုက်ဧကများပြည့်မီရေး၊ အထွက်နှုန်းတိုးစေရေး စိုက်ပျိုးရေးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှ အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။

15-May-2022