ဧရာဝတီတိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်အတူ မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအတွင်း လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သော စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားသို့တတ်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များသည် လုံခြုံရေးတာဝန်များကို တာဝန်သိသိဖြင့်ဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးအတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်နေကြပါကြောင်းနှင့် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဖွဲ့စည်းရခြင်းရည်ရွယ်ချက်များအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဧရာဝတီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များကိုယ်စား တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဌမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

13-May-2022