နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ပုသိမ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ဖွင့်လှစ်မှုအခြေအနေများအား လှည့်လည်ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ၊ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ပုသိမ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)များ မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊  တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ပုသိမ်) သို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံနေမှုများ၊ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့‌နောက် ပုသိမ်တက္ကသိုလ်သို့သွားရောက်၍ ဆရာ၊ဆရာမ များနှင့်တွေ့ဆုံခဲ့ကာ ကျောင်းသားကျောင်းသူများ၏ တက်ရောက်ပညာသင်ကြားမှုအခြေအနေများအားမေးမြန်းခဲ့ပြီး စာသင်ဆောင်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာတက်ရောက်သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပါသည်။ ထို့အတူကွန်ပျူတာတက္ကသိုလ်(ပုသိမ်)သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူ‌နိုင်ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီဆောင်ရွက်ကြစေရေး တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။

ဆက်လက်၍ ပုသိမ်မြို့နယ်၊ ကိုးဆူကျေးရွာရှိ အစိုးရစက်မှုလက်မှုသိပ္ပံ(ပုသိမ်)၊ အလုပ်ရုံ(၁)ထပ်၊ Steel Structure(၁၂၅ပေ×၈၂ပေ)အမြင့် (၁၈)ပေ၊ Plinth Level (၅)ပေ၊ တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိ၍ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အရည်အသွေးပြည့်မီစေရေးနှင့် သတ်မှတ်ကာလအတွင်းပြီးစီးစေရေး အလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပါသည်။

တိုင်းဒေသကြီးအတွင်း ယနေ့တွင် ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်၊မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်(ပုသိမ်၊ ဟင်္သာတ၊ မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်၊ ဟင်္သာတ၊ မအူပင်)၊ ပုသိမ်ပညာရေးဒီဂရီ ကောလိပ်၊ မြောင်းမြပညာရေးဒီဂရီ ကောလိပ်၊ ဘိုကလေးပညာရေးဒီဂရီ ကောလိပ်၊ စက်မှုလက်မှုသိပ္ပံ(ဝါးခယ်မ၊ ကျိုက်လတ်၊ လပွတ္တာ) တို့တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

12-May-2022