တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကျောင်းကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် မေလ(၃)ရက်နေ့ ညနေပိုင်းအချိန်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် တိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာကြီးကျေးရွာနှင့် ကန်ကြီးထောင့်မြို့နယ်၊ ဆိပ်သာလေးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျုံလမုချောင်းကူးတံတား (၁၂ဝပေ×၁၄ပေ)ဆောက်လုပ်နိုင်ရေး မြေနေရာလျာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျောင်းကုန်းမြို့နယ် ရေခလုတ်-ဒေါင့်ကြီးလမ်းပေါ်ရှိ သရက်ပင်ဆိပ်-လောင်တိုင်းတံတား(၁၂ဝပေ×၁၄ပေ) တည်ဆောက်မည့်နေရာလျာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တံတားတည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ကာလအတွင်းအချိန်မီဆောင်ရွက်နိုင်ရေး လမ်းညွန်မှာကြားခဲ့ပါသည်။

03-May-2022