ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ် နှင့် ကွန်ပျူတာတက္ကသိုလ်တို့ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ဧပြီ ၂၆ ရက်နေ့ ညနေပိုင်းတွင် တိုင်း​ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် မအူပင်တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ် တို့ရှိ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများ၊ ‌ဆရာဆရာမများနှင့်သွားရောက်တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် မေလတွင် တက္ကသိုလ်များပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သည့်အတွက် တက္ကသိုလ်အင်္ဂါရပ်နှင့်အညီ တင့်တယ်စေရန်အတွက် ကျောင်းအဝင်လမ်းများနှင့်ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်းရေး၊ စာသင်ဆောင်များ၊ လက်တွေ့ခန်းများ၊  ကျောင်းသားကျောင်းသူအိပ်ဆောင်များ၊ ကျောင်းစာကြည့်တိုက်၊ အနုပညာခန်းမ၊ အားကစားခန်းမ၊ အားကစားကွင်းများအပါအဝင် ပြင်ဆင်ထားရန်လိုကြောင်း၊ တက်ရောက်လာသည့်ကျောင်းသားကျောင်းသူများနှင့် ကျောင်းလုံခြုံရေးကိုလည်း အထူးဂရုပြု၍ ကြိုတင်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ ပညာသင်ယူလေ့လာ ဆည်းပူးကြစေခြင်းဖြင့် ပညာရေးဖြင့်ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်ကြီးတည်ဆောက်ရာတွင် များစွာအထောက်အကူရရန်ဖြစ်ကြောင်း မှာကြားခဲ့ပြီး မအူပင်တတက္ကသိုလ်ပါမောက္ခချုပ်၊ နည်းပညာတက္ကသိုလ်ပါမောက္ခချုပ်၊ ကွန်ပျူတာတက္ကသိုလ်ပါမောက္ခချုပ်တို့မှ ကျောင်းဖွင့်လှစ်နိုင်ရေး စီစဉ်ထားရှိမှုအခြေအနေများ၊ သင်ကြားမှုသင်ယူမှုအခြေအနေများ၊ ကျောင်းဝင်ခွင့်ရရှိမှုအခြေအနေများ၊  ကျောင်းစာသင်ဆောင်နှင့်လက်တွေ့ခန်းများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ကျောင်းသားအဆောင်နှင့် ကျောင်းသူအဆောင်များ ပြင်ဆင်ထားရှိမှုနှင့် နေထိုင်စားသောက်ရေးစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ လုံခြုံရေးစီစဉ်ဆောင်ရွက်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လိုအပ်ချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဆရာ၊ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

 

27-Apr-2022