ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့်မအူပင် တက္ကသိုလ်တို့၏ နည်းပြ၊သရုပ်ပြနှင့် အခြေခံပညာဆရာ၊ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့်အတူ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းအချိန်က ပုသိမ်ပညာရေးဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ကျင်းပသောနည်းပြ၊ သရုပ်ပြနှင့် အခြေခံပညာ ဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်၍အမှာစကားပြောကြားခဲ့ပါတယ်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သင်တန်းတက်ရောက်မည့်ဆရာ၊ ဆရာမများအတွက် ထောက်ပံ့ကြေး ငွေကျပ် (၄၅)သိန်းအား ဝန်ကြီးချုပ်က ထောက်ပံ့ပေးအပ်ခဲ့ရာ ဒုတိယကျောင်းအုပ်ကြီးဒေါ်သန်းသန်းနိုင်က လက်ခံရယူခဲ့ပါတယ်။ အဆိုပါ ပုသိမ်ပညာရေး ဒီဂရီကောလိပ်သို့နည်းပြ(၇)ဦး၊ အလယ်တန်းအဆင့်(၆၇)ဦး၊မူလတန်းအဆင့်(၁၈၅)ဦး၊စုစုပေါင်း (၂၅၉)ဦး တက်ရောက်ခဲ့ပါတယ်။ 

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည့် နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ရာ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသန်းထွဋ် လက်ခံရယူခဲ့ပါတယ်။ ထို့နောက်ဘာသာရပ်အလိုက် သင်တန်းတက်ရောက်သည့် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမများနှင့် မိတ်ဆက်ပေးခဲ့သည်။ အဆိုပါသင်တန်းသို့ ဘာသာရပ်(၁၃)ခုမှ သင်တန်းသားဆရာ၊ဆရာမ (၁၁၇)ဦးတက်ရောက်ခဲ့ကြပါတယ်။

ဆက်လက်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်(၁၀၄)ဦးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ ဟင်္သာတတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသိင်္ဂီရွှေမှလက်ခံရယူခဲ့ပြီး ဆရာမတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအူပင်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင်လည်း နည်းပြ၊ သရုပ်ပြဆရာ၊ဆရာမများ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းတက်ရောက်သည့် နည်းပြ ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ငွေကျပ်(၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ မအူပင် တက္ကသိုလ် မှသရုပ်ပြဆရာများမှလက်ခံရယူခဲ့ပြီး ဆရာမတစ်ဦးမှကျေးဇူးတင် စကားပြန်လည်ပြောကြားခဲ့ပြီးနောက် ပါမောက္ခချုပ်နှင့်ပါမောက္ခ(ဌာနမှူးများ)အားတွေ့ဆုံခဲ့ပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှသက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါတက္ကသိုလ်များတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကား ပြောကြားရာမှာ-“ဆရာ၊ဆရာမအနေနှင့် ပညာလည်းသင် ၊ လူကိုလည်းပြင်ရန် ဆရာ၊ ဆရာမများ၏ စွမ်းဆောင်ရည်နှင့် အရည်အသွေး မြင့်မားရေး ကြိုးစားကြရန် ၊ ဆရာ/ဆရာမများသည်စေတနာ၊ဝါသနာ၊အနစ်နာ နာသုံးနာဖြင့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးကြရန်၊ကျောင်းသား၊ ကျောင်းသူများ၏ အတူယူစရာ စံနမူနာပြများ ဖြစ်စေရေး ဆရာကျင့်ဝတ်နှင့်အညီ ပြုမူနေထိုင်ကြရန်၊ဆရာ၊ဆရာမများသည် စာဖတ်နာသူများ ဖြစ်စေရေးဆောင်ရွက်ကြရန်၊ပညာဖြင့် အလှဆင်ပြီး ဂရုဏာထား၍ သင်ကြားသွားကြရန်နှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုနိုင်သည့် ဆရာ၊ဆရာမများ ၊ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးစားသွားကြရန်" စသည်ဖြင့် ပြောကြားခဲ့ပါတယ်။

အဆိုပါတက္ကသိုလ်အသီးသီးတွင်ဖွင့်လှစ်မည့်သင်တန်းများ၏သင်တန်းကာလမှာနိုဝင်ဘာ ၈ ရက်နေ့မှဒီဇင်ဘာ ၃ ရက်နေ့အထိ ၄ ပတ်ကြာမြင့်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

08-Nov-2021