ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပုသိမ်မြို့ကိုးသိန်းအားကစားရုံ ပြင်ဆင်တည်ဆောက်နေမှအခြေအနေများနှင့် အထက (၆)တွင် ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးနေမှုများအား သွားရောက်ကြည်ရှု

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လူမှုရေးရာဝန်ကြီးလိုက်ပါ၍ စက်တင်ဘာလ(၂၀)ရက်နေ့ နံနက် (၈း၃၀)အချိန်တွင် ပုသိမ်မြို့ကိုးသိန်းအားကစားခန်းမ အကြီးစားပြင်ဆင်နေမှု ၇၅%ပြီးစီးမှုအခြေအနေများနှင့် ဘောလုံးကွင်းပွဲကြည့်စင်သန့်ရှင်းရေးဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့​ပြီး တိုင်းဒေသကြီးညွှန်ကြားရေးမှူး ဦးမိုးကျော်လွင်၊ တာဝန်ခံအင်ဂျင်နီယာတို့ကလုပ်ငန်းများအား ရှင်းလင်းတင်ပြရာဝန်ကြီးချုပ်က ၂၀၂၁ခုနှစ် အောက်တိုဘာလအကုန် တည်ဆောက်ရေးလုပ်ငန်းအပြီးဆောင်ရွက်ရန်နှင့် ကိုဗစ်အလွန် အားကစားပြိုင်ပွဲံများကျင်းပပြုလုပ်ရန်လမ်းညွှန်မှာကြားပါသည်။

အဆိုပါ ကိုးသိန်းအားကစားပြိုင်ပွဲရုံကို ဧရာဝတီတိုင်ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၀-၂၀၂၁ဘဏ္ဏာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် DeltaDeveloperColtdမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး လက်ရှိမှာ လုပ်ငန်း၇၅%ပြီးစီးပြီလို့သိရပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ အထက-၆ရှိ ကိုဗစ် -၁၉ ကာကွယ်ဆေးထိုးစုရပ်သို့သွားရောက်ပြီး ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူများအားရင်းရင်းနှီးနှီးအားပေးကြည့်ရှုခဲ့ကြောင်းသိရှိရပါသည်။ ပုသိမ်​မြို့ အထက(၆)တွင် အမှတ်၁၄ရပ်ကွက်မှ စာရင်းပေးသွင်းထာသူ အသက်၅၅နှစ်နှင့်အထက် (၄၀၀)ဦးအား ထိုးနှံပေးသွားမှာဖြစ်တယ်လို့သိရပါသည်။

20-Oct-2021