ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ဘိုကလေး-မော်လမြိုင်ကျွန်း မြို့နယ်များသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခြင်း

၂၀၂၁ ခုနှစ်၊ သြဂုတ်လ၊ ၂၇ ရက်၊ (၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်းနှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လမ်းအမှတ်(၁၀) ဘိုကလေး-မော်လမြိုင်ကျွန်း-ကျုံမငေး-ဝါးခယ်မ-မြောင်းမြ လမ်းပေါ်ရှိ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံငွေဖြင့် တည်ဆောက်ရေးအဖွဲ့(၂)မှ တာဝန်ယူတည်ဆောက်သည့် ကျွန်းကုန်း တံတား(၂၄၀ မီတာ) (၇၈၇.၄ ပေ) တည်ဆောက်ရေးလုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ရောက်ရှိပြီး တည်ဆောက်ရေးအဖွဲ့(၂)၊ လက်ထောက်ညွှန်ကြားရေးမှူးမှ တံတားလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဘဏ္ဍာနှစ်အလိုက်ရရှိရန်ပုံငွေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့ပြီး တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ ပြည်သူ့ဆေးရုံသို့ရောက်ရှိ၍ Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများ အတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာထွန်းမြင့်နှင့် တာဝန်ရှိသူများမှ လက်ခံခဲ့ပါသည်။ ထို့နောက် ဝန်ကြီချုပ်နှင့်အဖွဲ့သည် ဘိုကလေးမြို့နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် စေတနာရှင် မြို့သူမြို့သားများ စုပေါင်းလှူဒါန်းမှုဖြင့် အောက်စီဂျင် စက်ရုံတည်ဆောက်နေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနပိုင်အဆောက် အဦ၊  မြို့နယ်ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ခုတင်(၅၀)ဆံ့ ယာယီဆေးရုံ ကိုဗစ်-၁၉ကူးဆက်ရောဂါကုသရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရောဂါကူးစက်မှုနှုန်း အမှန်တကယ် လျော့နည်းကျဆင်းစေရေး သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးမှုများပြုလုပ်ရန်မှာကြားခဲ့ပါသည်။ 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့သို့ ပြန်လည်ထွက်ခွာ လာခဲ့ရာ (၁၀၄၅)နာရီအချိန်တွင် နီလာဖိုင်ဘာဂလပ်(စ်) ထုတ်လုပ်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိ၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် စပါးခွံလောင်စာတောင့် စက်ရုံသို့ရောက်ရှိ၍ လောင်စာတောင့်ထုတ်လုပ်နေမှုအခြေအနေများအားကြည့်ရှုခဲ့ကာ စက်ရုံတာဝန်ခံမှ လောင်စာတောင့် ထုတ်လုပ်နေမှုအခြေအနေများအား လိုက်လံ ရှင်းလင်းပြသခဲ့ပါသည်။ ဆက်လက်၍ မော်လမြိုင်ကျွန်းမြို့နယ် မြို့မိမြို့ဖများ၊ စေတနာရှင် မြို့သူမြို့သားများ ပါဝင်လှူဒါန်းသော အောက်စီဂျင်စက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းသို့ရောက်ရှိ၍ စက်ရုံတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည်ရှု့အားပေးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ ပြည်သူ့ဆေးရုံတွင်  Oxygen Concentractor(၂)လုံး၊ ဆေးရုံသုံးပစ္စည်းများ၊ ဆေးဝါးများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ (၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဆေးရုံအုပ် ဒေါက်တာစန်းဝင်းမှ လက်ခံခဲ့ပါသည်။

27-Aug-2021