ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌  ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၂၅) ရက်နေ့ ၊ နံနက်(၉)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့အား တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားသို့ ဧရာဝတီတို်ငးဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားတွင် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှတိုင်းဒေသကြီးဦးစီးမှူး ဦးကျော်သန့်လွင်က အခွန်ကောက်ခံခြင်း၏ ရည်ရွယ်ချက်များ၊ အခွန်အသီးသီး၏ဘဏ္ဍာနှစ်များအလိုက် နှိုင်းယှဉ်တင်ပြခြင်းအားလည်းကောင်း၊ တိုင်းဒေသကြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ တိုင်းဒေသကြီးမန်နေဂျာဦးသိန်းထိုက်က ဌာန၏ရည်ရွယ်ချက်၊ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဌာန၏လုပ်ငန်းတာဝန်များ၊ ကြီးကြပ်စစ်ဆေးနိုင်မှုအခြေအနေ၊ သာမန်ရငွေ/သုံးငွေနှင့်ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကိုကိုနိုင်၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးသက်ပိုင်၊ တိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ် စစ်ဆေးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းလှိုင်အေး၊ တိုင်းဒေသကြီးဗဟိုစာရင်းအင်းအဖွဲ့မှ တိုင်းဒသကြီးဦးစီးမှူး ဒေါ်ချယ်ရီဆွေတို့မှ မိမိတို့၏သက်ဆိုင်ရာဌာနများ၏ လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

အဆိုပါရှင်းလင်းတင်ပြမှုများအပေါ်     တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်နယ်စပ် ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်စွာလှိုင်က ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လိုအပ်သည်များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

25-Aug-2021