တပ်ရင်းတပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား“ပန်းခင်းစီမံချက်”အရ ဆောင်ရွက်ခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲကျင်းပ

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုသိမ်မြို့နယ် ဦးစီးမှူး ရုံးမှ“ပန်းခင်းစီမံချက်အရ ဆောင်ရွက်ခဲ့သော တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ စစ်သည် ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊နေ့လည်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ဧရာဝတီခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်နှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များနှင့် အရပ်သားဝန်ထမ်းများ တက်ရောက်ကြပါတယ်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသားတစ်ယောက်အနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများရရှိစေရေးတို့အတွက် စိစစ်ရေးကတ်ပြားသည် မဖြစ်မနေ လိုအပ်ကြောင်း၊ သို့ဖြစ်၍တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ ရဲမေ၊ မှီခိုသူမိသားစုဝင်များ၊ အရပ်သားဝန်ထမ်းများစိစစ်ရေးကတ်ပြားရရှိရန် သက်ဆိုင်ရာ ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးညွှန်ကြားရေးမှူး ဦးမောင်မောင်သန်းတို့က သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များထံသို့ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၁၀၉)ကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်း(၃၀)ခု တို့အား ပေးအပ်ခဲ့ပြီးအနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်က မှတ်ပုံတင်လာရောက်ပြုလုပ်ပေးသော လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးမှ လက်ခံရယူခဲ့ပါသည်။ ၎င်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မှတ်ပုံတင်ပြုလုပ်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကာ လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။

25-Aug-2021