ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ပုသိမ်မြို့၊ ငဝန်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခြင်း

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးမွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးသယံဇာတ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်ရေး၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရေးအတွက် သဘာဝမြစ်ချောင်း၊ အင်းအိုင်များတွင် နှစ်စဉ်ငါးသားပေါက်မျိုးများ စိုက်ထည့်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၂၅) ရက်၊ နံနက်(၀၈၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်အတူ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့၊ ငဝန်မြစ်အတွင်းသို့ (၂)လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ (၂.၅)သိန်းနှင့် ငါးခုံးမကြီးကောင်ရေ(၂.၅)သိန်း၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ (၅)သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ပါသည်။

 

25-Aug-2021