ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲ၊ ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်သရုပ်ပြမှုများအား ဝန်ကြီးချုပ်တက်​ရောက်

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ဦးမောင်ကြီးအာရုံခံတန်ဆောင်းတွင် (၆၉)ကြိမ်မြောက် မြို့လုံးကျွတ်ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းပွဲကို ယ​​နေ့ နံနက် ၇:၃၀ အချိန်က ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊   အစိုးရဖွဲ့ဝင် အတွင်း​ရေးမှူးတို့ကဆရာတော် သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး အနုမောဒနာတရားတော်များ နာယူကြည်ညိုခဲ့ကာ ရေစက်သွန်းချအမျှပေးဝေခဲ့ပါသည်။ (၆၉)ကြိမ်မြောက် မြို့လုံးကျွတ် ဝါဆိုသင်္ကန်း ကပ်လှူပွဲတွင် ဝါဆိုသံဃာတော်များ၊ သီလရှင်များအတွက် လှူဒါန်းသည့်  စုစုပေါင်းတန်ဖိုးမှာ (၂၄၅၄၂၀၀ဝိ/-)ကျပ်ဖြစ်ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် Royal Lake ရေကန်တွင် ကျင်းပပြုလုပ်သည့် ဧရာဝတီတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ဝင်များ ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ သရုပ်ပြခြင်းအခမ်းအနားသို့ရောက်ရှိ၍ အပျော်တန်း ငါးဖမ်းစက်လှေ တိမ်းမှောက်မှုဖြစ်စဉ်တွင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ ရှာဖွေကယ်ဆယ်ခြင်းနှင့် နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခြင်း သရုပ်ပြမှု၊ ရေယာဉ်မီးလောင်မှုဖြစ်စဉ်တွင် စက်လှေပေါ်မှ ရေထဲသို့ ကြောက်လန့်ခုန်ချသူများအား ဂျက်စကီး၊ INTELLIGENCE Lifebouy နှင့် Assault Boat တို့အသုံးပြု၍ ကယ်ဆယ်ခြင်းနှင့် Fire Boat ဖြင့်မီးငြိမ်းသတ်သရုပ်ပြခြင်း၊ ရေကြီးရေလျှံဒေသများတွင် ရေနစ်နေသည့်ပြည်သူ တစ်ဦးအား ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များမှ အထောက်အကူပြုပစ္စည်းမပါဘဲ(Man to Man) ကယ်ဆယ်သရုပ်ပြခြင်း၊ Fire Boat ၊ INTELLIGENCE Lifebouy ၊ ဂျက်စကီးနှင့် Assault Boat တို့ဖြင့် စီတန်း၍ အလေးပြုတန်းဖြုတ်ထွက်ခွာခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ကရှာဖွေကယ်ဆယ်ရေးသရုပ်ပြအဖွဲ့အား အမှာစကား ပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ရာ တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ဦးအောင်ဆွေဝင်း ကလက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးမှ သရုပ်ပြပွဲအထိမ်းအမှတ် အလံအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့ထံသို့ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ကခင်းကျင်းပြသထားသည့် ခေတ်မီ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးပစ္စည်းများအား ကြည့်ရှု စစ်ဆေးခဲ့​ကြောင်းသိရသည်။

22-Aug-2021