ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသထိန်းချုပ်ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနားနှင့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ခုနှစ်၊ သြဂုတ်လ၊ (၂၁) ရက်နေ့၊ နံနက်(၀၉၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ် ရေးလုပ်ငန်းများအတွက် အလှူငွေပေးအပ်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteers များအား ဂုဏ်ပြုထောက်ပံ့ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊  ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့်  Volunteers များတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် အလှူရှင်များမှ တိုင်းဒေသကြီးကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ကုသရေး လုပ်ငန်းများအတွက် ငွေကျပ်(၇၇၆၅၅၀၀ဝိ/-)တန်ဖိုးရှိ အလှူငွေနှင့် ရောဂါကာကွယ်ကုသရေးသုံး ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှလက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ  ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံများအတွက် ထောက်ပံ့ငွေကျပ် (၁၀၂၅)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ရာ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းက လက်ခံခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်းရှိ Quaran-tine Center ၊ ကုသရေးစင်တာ၊  ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် စားစရိတ်နှင့် စက်သုံးဆီအတွက် ထောက်ပံ့ငွေကျပ် (၂၁၅၅)သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးဝေယံမှ လက်ခံခဲ့ပါသည်။

ထို့နောက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်မှ တိုင်းဒေသကြီးအတွင်းရှိ Quarantine Center ၊ ကုသရေးစင်တာ၊  ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများအတွက် ငွေကျပ်(၂၁၇၀)သိန်း တန်ဖိုးရှိ ကျန်းမာရေးအကာအကွယ်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ရာ စေတနာ့ဝန်ထမ်းများကိုယ်စား ဦးချစ်ကိုကိုဝင်းမှ လက်ခံခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် Quarantine Center ၊ ကုသရေးစင်တာ၊  ကုသရေးဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ ဝန်ထမ်းများကိုယ်စား တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မင်းထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၅)မှ တာဝန်ယူတည်ဆောက်နေသည့် ပုသိမ်ပြည်သူ့ဆေးရုံကြီး(၉)ထပ် တိုးချဲ့ဆောင်ဆောက်လုပ်ခြင်းလုပ်ငန်းသို့ရောက်ရှိခဲ့ရာ ရှင်းလင်းဆောင်တွင် အဆောက်အဦ အထူးအဖွဲ့(၁၅)မှ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းစိုးမှ စီမံကိန်းဆိုင်ရာအချက်အလက်များ၊ ဘဏ္ဍာရေးနှစ်အလိုက် ရရှိရန်ပုံငွေဖြင့် တည်ဆောက်နေမှုအခြေအနေများ၊ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ ဆက်ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၁၀၀% ပြီးစီးရန် လျာထား ရန်ပုံငွေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အဆောက်အဦတည်ဆောက်ပြီးစီးမှု အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

21-Aug-2021