ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ကန်ကြီးထောင့်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းနားသို့ တက်ရောက်ခဲ့ပြီး ဖျာပုံခရိုင် ပြည်သူ့​ဆေးရုံနှင့် ကျိုက်လတ်မြို့နယ်ပြည်သူ့ဆေးရုံသို့ ​ဆေးရုံသုံးပစ္စည်းများနှင့် ​​ထောက်ပံ့​​​ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အဖွဲ့ဝင်များသည် ဩဂုတ်လ (၁၈)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ကန််ကြီးထောင့်မြို့နယ် ၊ ကွင်းယားအရှေ့ သဘာဝရေလျှံကွင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါတယ်။ ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များမှ ပုသိမ်ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်း(၃)သိန်းနှင့် ငါးခုံးမကြီး (၂)သိန်းခွဲ၊ စုစုပေါင်းငါးကောင်ရေ(၅)သိန်းခွဲ ငါးမျိုးစိုက်ထည့်ခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဖျာပုံခရိုင် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဝန်ကြီးချုပ်မှ Oxygen Concentrator (၂)လုံး၊ PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်တို့အား ထောက်ပံ့ပေးအပ်ခဲ့ရာ ​ဆေးရုံအုပ် Dr-ဇင်မာစိုးမှ လက်ခံရယူခဲ့ပြီး ဆေးရုံတွင် Oxygen ထုတ်လုပ်နေမှု၊ Oxygen စက်ရုံသစ်တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်​ဆေးခဲ့ပါသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖျာပုံမြို့ သံသရာခရီးသည်လူမှုကူညီရေးအသင်းတွင် စိတ်ထားဖြူစင်ပရဟိတအသင်း၊ ပဲ့တင်သံပရဟိတအသင်း၊ (၁၈)ရပ်ကွက် လူမှုကူညီရေးအသင်း ၊ ကျုံကူလူငယ်ပရဟိတအသင်းမှ တာဝန်ရှိသူများအား PPE ဝတ်စုံ(၁၂၀) ထောက်ပံ့ပေးအပ်ခဲ့ပြီး ​အောက်စီဂျင်ထုတ်လုပ်​နေမှုအား ကြည့်ရှုခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြိီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျိုက်လတ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ Oxygen Concentrator (၂)လုံး PPEဝတ်စုံ(၁၀၀)၊ ဆေးရုံသုံးပစ္စည်းများနှင့် ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေ(၅)သိန်းကျပ်ပေးအပ်ခဲ့ရာ ​ဆေးရုံအုပ် ​ဒေါက်တာမင်းသိန်းမှ လက်ခံခဲ့ပြီး ဓမ္မိကာရုံရွှေကျင်တိုက်သစ်တွင် Oxygen စက်ရုံဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု့ခဲ့ပါတယ်။

ထို့နောက် ကျိုက်လတ်မြို့နယ် ၊ လှည်းဆိပ်​ကျေးရွာအုပ်စုရှိ“ မြသီးနှံ” မျိုးစပါး ထုတ်လုပ်ဖြန့်ချီရေလုပ်ငန်းသို့ ရောက်ရှိခဲ့ပြီး၊ မျိုးစေ့သန့်စင်ခြင်း၊ ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းအခြေအနေများအား ကြည့်ရှု့ခဲ့ပြီးနောက် တောင်သူ ဦးအေးသန်း၏ ပေါ်ဆန်းကြီးမျိုး စီးပွားဖြစ် မျိုးသန့် မျိုးပွားမျိုးစေ့ (RS-CS) စိုက်ခင်းသို့ ရောက်ရှိ၍ စိုက်ပျိုးဖြစ်ထွန်းနေမှုများအား တိုင်းစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်မှ ရှင်းလင်းတင်ပြခဲ့ရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်မှ စိုက်ပျိုးဖြစ်ထွန်း​နေမှုအ​ခြေအ​နေများအား စနစ်တကျ မှတ်တမ်းထားရှိရန် မှာကြားခဲ့ပါသည်။

18-Aug-2021