Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပပြုလုပ်ခြင်းနှင့် Covid-19 ရောဂါထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာ့ ဝန်ထမ်းများအား အလှူငွေနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၉)ရက်နေ့ ၊ (၁၀၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် တိုင်းဒေသကြီးCovid-19 ရောဂါထိန်းချုပ် ကာကွယ်ရေးလုပ်ငန်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင် နှင့်တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ပုသိမ်မြို့၊ ခုတင်(၅၀၀)ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ Covid-19 ရောဂါကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက် နေမှုအခြေအနေများ၊ လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် တိုင်းမှူးတို့မှ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါသည်။

 ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် (၁၁၀၀)နာရီအချိန်တွင် ပုသိမ်မြို့၊ ခုတင်(၅၀၀) ပြည်သူ့ဆေးရုံကြီး အစည်းအဝေးခန်းမတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ တွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် စေတနာဝန်ထမ်းများအား အလှူငွေနှင့်စားသောက်ကုန်များ ကူညီထောက်ပံ့ခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လမင်းတစ်ရာ ဘက်စုံပရဟိတ အဖွဲ့စေတနာ့ဝန်ထမ်း(၄၅)ဦးနှင့် ကား(၆)စီးအတွက် စားသောက်စရိတ်၊ စက်သုံးဆီ ထောက်ပံ့ လှူဒါန်းငွေကျပ်(၄၉၅၀၀၀ဝိ/-)၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်း(၄)ဦး၊ ကား(၂)စီးအတွက် စားသောက်စရိတ် ထောက်ပံ့လှူဒါန်းငွေကျပ်(၅၄၀၀၀ဝိ/-) တို့အား ပေးအပ် ချီးမြှင့်ခဲ့ရာ ပရဟိတအဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။ ထို့နောက် အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးမှ လမင်းတစ်ရာဘက်စုံပရဟိတအဖွဲ့ စေတနာ့ဝန်ထမ်းများ၊ ကိုရဲသွေးနီနှင့် မိတ်ဆွေများ ပရဟိတအဖွဲ့စေတနာ့ဝန်ထမ်းများအတွက် စားသောက်ကုန်များ ထောက်ပံ့ပေးအပ် ခဲ့ရာ ပရဟိတအဖွဲ့တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှု များရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင်  (၄၀)လီတာအိုး အလုံး(၆၀)ထုတ်လုပ်နိုင်မည့် အောက်စီဂျင်စက်တပ်ဆင် ဆောင်ရွက်နေမှုအခြေအနေနှင့် တစ်နေ့လျှင် (၄၀)လီတာအိုး အလုံး(၂၀)ထုတ်လုပ်ပေးနေပြီး လူနာခန်းအတွက် ပိုက်လိုင်းမှ အောက်စီဂျင်တိုက်ရိုက်ပေးနေသည့် စက်တစ်လုံး တပ်ဆင်ဆောင်ရွက်ပြီး၍ ကုသပေးနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်အောင်တို့မှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

19-Jul-2021