ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ဆေးရုံကြီးတွင် Oxygen စက်တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခြင်း

           ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၈)ရက်နေ့ ၊ (၁၆၄၅)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်သည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊  တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ဇင်၊ ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စိုးတို့နှင့်အတူ ပုသိမ်မြို့၊ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် အောက်စီဂျင်စက် တပ်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် အောက်စီဂျင်ထုတ်ပေးနေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် အောက်စီဂျင်လိုအပ်မှုများရှိနေသဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသည့် တစ်နေ့လျှင် အောက်စီဂျင် (၈၀၀)လီတာ ထွက်ရှိပြီး Covid-19 လူနာခန်း အတွက် ပိုက်လိုင်းမှတဆင့်အောက်စီဂျင်ပေးနိုင်သည့်စက်တစ်လုံးတပ်ဆင်ပြီးစီး၍ ကုသဆောင်ရွက် ပေးနေမှုအခြေအနေနှင့် တစ်နေ့လျှင် အောက်စီဂျင်(၂၄၀၀)လီတာထွက်ရှိမည့် စက်တစ်လုံးတပ်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား  တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းနှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

18-Jul-2021