Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ (၁၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၃)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ (၁၉/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊  ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး၊ တိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ တက်ရောက်ခဲ့ပြီး ခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများမှ Video Conferencing ဖြင့် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကားပြောကြား ရာတွင် တိုင်းဒေသကြီးအတွင်းရှိမြို့နယ်များ၏ စစ်ဆေးရေးဂိတ်များ၌ လုံခြုံရေး/ကျန်းမာရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ရာတွင် အရေးပေါ်လူနာများပါဝင်လာပါက လိုအပ်သည့်အချိန်ထက် နှောင့်နှေးကြန့်ကြာမှုမရှိစေဘဲ ဖြတ်သန်းသွားလာခွင့်ရရှိစေရေး အလေးထားကြပ်မတ်ဆောင်ရွက် သွားရန်လိုကြောင်း၊ မြို့နယ်အလိုက်ဖွင့်လှစ်ထားရှိသော Quarantine Center များ၊ COVID-19 ရောဂါအတည်ပြုလူနာထားရှိသည့်နေရာများ၊ ကုသရေး Center များတွင် Volunteer များ ပါဝင် လာစေရေး စည်းရုံးဆောင်ရွက်သွားရန်လိုကြောင်း၊ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိရောက်သော လုပ်ငန်းစဉ်များဖြစ်စေရေး COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအစီအမံအား ခရိုင်/မြို့နယ်များအလိုက် ရေးဆွဲတင်ပြရန် လိုကြောင်း၊ မြို့နယ်များအလိုက် Mask Campaign များအား ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် သွားရန်နှင့် COVID-19 ရောဂါ ကာကွယ်ရေးနည်းလမ်းများ သိရှိလိုက်နာစေရေး အသိပညာပေး ခြင်းလုပ်ငန်းအား အလေးထားဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ဆွေးနွေး တင်ပြရာတွင် COVID-19 ရောဂါပူးပေါင်းစစ်ဆေးရေးဂိတ်များ၌ စနစ်တကျစစ်ဆေးဆောင်ရွက်ရန် လိုကြောင်း၊  COVID-19 ရောဂါ ကုသရေး Center များကို တိုးချဲ့ဖွင့်လှစ်ဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်များသို့ ညွှန်ကြားဆောင်ရွက်ပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာခရိုင်များအလိုက် COVID ကော်မတီရုံးခန်းများဖွင့်လှစ်ပြီး Call Center များ ဖွင့်လှစ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဗဟို ကော်မတီ၏ညွှန်ကြားချက်များအတိုင်း သက်ဆိုင်ရာမြို့နယ်များအလိုက် Mask Campaign များ၊ ပညာပေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ  COVID-19 ရောဂါ ကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများအား ကုသရေး Center များသို့ ဖြန့်ဝေ ပေးလျက်ရှိကြောင်း၊ သက်ဆိုင်ရာ နယ်မြေခံတပ်များတွင် COVID-19 ခွဲစိတ်လူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် COVID-19 ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ COVID-19 ရောဂါ ကာကွယ်ကုသနေမှုအခြေအနေများ၊ ပညာပေး လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ ကာကွယ်ကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ် ချက်များအား ဆွေးနွေးတင်ပြခြင်း၊  ခရိုင် Coronavirus Disease 2019 (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌများမှ သက်ဆိုင်ရာခရိုင်များအလိုက်  ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခြင်းနှင့်  ကော်မတီဝင်များမှ ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးCoronavirus Disease 2019 (COVID-19) ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

13-Jul-2021