တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ COVID-19 ရောဂါကာကွယ်ကုသရေး ဆိုင်ရာပစ္စည်းများ၊ အလှူငွေများပေးအပ်ခြင်းနှင့် COVID-19 ရောဂါကုသဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၁၂)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်၊ ကောင်စီအတွင်း ရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာ ဇော်မင်းထွန်း၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့၊ Ngwe Saung Business Center တွင် COVID-19 ရောဂါအတည်ပြုလူနာများအား ကုသပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါကုသရေးစင်တာတွင် အသုံးပြုရန်အတွက် ရောဂါကာကွယ်ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ(၁၂၆၀၀၀ဝိ/)ကျပ်အား ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးခဲ့ပါသည်။

ထို့နောက် ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည်(၁၁၄၅)နာရီအချိန်တွင် ပုသိမ်မြို့နယ်၊ ချောင်းသာမြို့ အဝင်စစ်ဆေးဂိတ်သို့ရောက်ရှိပြီး ချောင်းသာမြို့သို့ဝင်ရောက်လာသည့်သူများအား  COVID-19 ရောဂါ စစ်ဆေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ချောင်းသာမြို့၊ရွာမ(အခမဲ့) ပညာဒါနကျောင်းနှင့်တိုက်နယ်ဆေးရုံတွင် COVID-19 ရောဂါအတည်ပြုလူနာများကို ကုသပေးနေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကောင်စီဥက္ကဋ္ဌမှ COVID-19 ရောဂါ ကာကွယ် ကုသရေးဆိုင်ရာပစ္စည်းများနှင့် အလှူငွေ (၈၄၀၀၀ဝိ/)ကျပ်အား ချောင်းသာမြို့အုပ်ချုပ်ရေးမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ထို့နောက် ကောင်စီဥက္ကနှင့်အဖွဲ့သည်  (၁၃၅၀)နာရီအချိန်တွင် ပုသိမ်တက္ကသိုလ်၊ နန္ဒဆောင်၌ COVID-19 ရောဂါအတည်ပြုလူနာများ ထားရှိကုသရန်အတွက် ပြင်ဆင် ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုသဆောင်အတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း  သတင်းရရှိပါသည်။

12-Jul-2021