ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၈)ရက်နေ့ ၊ (၀၉၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ဧရာဝတီတိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအစည်းအဝေး (၇/၂၀၂၁) ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီး မြေ/စစ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ကော်မတီဝင်များမှ ယခင်အစည်းအဝေး၌ တင်ပြခဲ့သော အမှုတွဲ(၁၀)တွဲအား အတည်ပြုဆုံးဖြတ်ပြီး ယခုအစည်းအဝေးတွင် အမှုတွဲ(၄)တွဲအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

08-Jul-2021