ပုသိမ်မြို့၊ အထက(၁)၊ ရတနာတန်ဆောင်ခန်းမတွင် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ (၃)ရက်နေ့၌ ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့အထိမ်အမှတ်” အကြိုလှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ၊ (၂)ရက်နေ့ ၊ (၀၉၃၀)နာရီအချိန်တွင် ပုသိမ်မြို့၊ အထက(၁)၊ ရတနာ တန်ဆောင်ခန်းမ၌ တိုင်းဒေသကြီးအမျိုးသမီးကော်မတီမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ခုနှစ်၊ ဇူလိုင်လ၊ (၃)ရက်နေ့တွင် ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့အထိမ်အမှတ်” အကြိုလှုပ်ရှားမှု အခမ်းအနားသို့ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေးနှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၃) ဦးအုန်းမြင့်နှင့်ဇနီး၊ ကောင်စီအဖွဲ့ဝင်(၅) ရဲမှူးကြီး တင်ဇော်ထွန်းနှင့်ဇနီး၊ ကောင်စီအတွင်းရေးမှူး ဦးဝေဇင်ထွန်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးအုန်းမြင့်မှ မြန်မာအမျိုးသမီးများနေ့နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အခမ်းအနားသို့ တက်ရောက်လာသူများ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခြင်းများဆောင်ရွက်ခဲ့ပြီး ကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနားသို့တက်ရောက်လာသူ များမှ ခန်းမတွင်ခင်းကျင်းပြသထားသည့် အမျိုးသမီးများ၏ လက်မှုပညာနှင့်အစားအစာပြခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။

02-Sep-2021