ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအစည်းအဝေး (၃/၂၀၂၁) ကျင်းပ ပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၂၅)ရက်နေ့ ၊ (၁၃၀၀)အချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအစည်း အဝေး(၃/၂၀၂၁)ကျင်းပပြုလုပ်ခဲ့ရာ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးလယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူးမှ တောင်သူမျာအားနစ်နာကြေးနှင့်လျော်ကြေး ပေးလျော်နိုင်ရေးအတွက် တွက်ချက်မှုပုံစံ(၁၂)ဖြင့်တွက်ချက်ပြီး ဗဟိုလယ်စီသို့ထောက်ခံတင်ပြရမည့် အမှုတွဲများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ပျောက်ဆုံးသွားသော ပုံစံ(၇)လက်မှတ်အသစ် ပြန်လည်ထုတ်ပေးနိုင်ရေးနှင့် မြေယာအယူခံမှုများအား ဆွေနွေးတင်ပြခဲ့ရာ ကောင်စီဥက္ကဋ္ဌမှ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။        

25-Aug-2021