၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း စံချိန်စံညွှန်းပြည့်မီစွာ ဆောက်လုပ်နိုင်ရေးနှင့် အခြေခံပညာကျောင်းတွင် ကျောင်းအပ်နှံ၊ တက်ရောက်မှုအခြေအနေ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခြင်း

၂၀၂၁ ခုနှစ်၊ ဇွန်လ၊ (၁၈)ရက်နေ့ ၊ (၁၄၀၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြလုပ်သည့်  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်းဆောင်သစ်တည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း စံချိန် စံညွှန်းပြည့်မီစွာ ဆောက်လုပ်နိုင်ရေးနှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံ၊ တက်ရောက်မှုအခြေအနေများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးရဲမြင့်၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူး၊ တိုင်းဒေသကြီးပညာရေးမှူး၊ တိုင်းဒေသကြီးကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး၊ တိုင်းဒေသကြီးတည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးကျော်စွာလှိုင်မှ ရှင်းလင်းဆွေးနွေးခြင်း၊ တိုင်းဒေသကြီး ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနတိုင်းဦးစီးမှူး ဒေါက်တာဇော်မင်းထွန်းမှ ကျောင်းဆရာ/ဆရာမများ အား COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ်များအားရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီး ပညာရေးမှူး ဦးတင်လှိုင်က ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်၊ အခြေခံပညာကျောင်း ဆောင်သစ်တည်ဆောက်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသား/ကျောင်းသူများ ကျောင်းအပ်နှံ၊ တက်ရောက်မှုနှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးများမှ ရှင်းလင်းပြခဲ့ပြီး တက်ရောက်လာသူများမှ ဆွေးနွေးတင်ကြရာ ကောင်စီဥက္ကဋ္ဌမှ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

18-Jun-2021